
တင်ကျော်ကျော်စိုး
မော်လမြိုင်မော်တော်ကားလေလံပွဲ နှင့် ဘားအံလေလံပွဲကို ၅၄၅ စစ်လက်နက်ပစ္စည်းတပ်နှင့်
၆၄၇ စစ်လက်နက်ပစ္စည်းတပ်တို့ တွင်ကျင်းပမည်ဟုသတင်းရရှိသည်။
မော်လမြိုင်၊ဘားအံနှင့်တောင်ကြီးတို့ တွင်ယခုလနှင့် ရှေ့လအတွင်း(မတ်လ)ပြုလုပ်မည့်မော်တော်ကားလေလံပွဲများကိုသက်ဆိုင်ရာကသတင်းထုတ်
ပြန်ထားသောကြောင့် ဟံသာဝတီ ကားပွဲစားတန်းနှင့် မအူကုန်းလမ်းကျယ်ကားပွဲစားတန်းတို့ 
တွင် မော်တော်ကားဈေးများထပ်မံကျဆင်းသွားသည်ဟုသိရှိရသည်။
၂၀၀၈ခုနှစ် ၀က်မှစ၍ရန်ကုန်မန္တလေးအပါအ၀င်မြန်မာနိုင်ငံမြို့ကြီးအချို့ ဉ်မော်တော်ကားလေလံ
ပွဲများအဆက်မပြတ်ကျင်းပလာမှုကြောင့်လည်းမော်တော်ကားဈေးနှုန်းများမှ
ယခင်နှစ်များကထက်ထက်ဝက်ခန့် ကျဆင်းခဲ့သည်။ယခုလအတွင်းကျင်းပမည့် မော်လမြိုင်နှင့် ဘားအံလေလံပွဲများတွင် မော်တော်ကားစီးရေ ၁၈၀
ကျော်ပါဝင်၍ဆိုင်ကယ် စီးရေ ၄၀ကျော်ပါဝင်သည်ဟ
၁၇ရက် နေ့ ထုတ်မြန့် မာ့အလင်းသတင်းစာတါင်ဖေါ်ပြထားသည်။ထိုကားများအနက် နယ်စပ်လမ်းကြောင်းများမှတရားမ၀င်တင်သွင်းခြင်းကြောင့်သိမ်းဆည်းထားသောပစ်ကပ်
ကားစီးရေ၁၀၅ စီးပါဝင်သည်။
မော်လမြိုင်လေလံပွဲတွင် ပါဝင်သောကားများအနက် အချို့သောကားများမှာ ၂၀၀၄ ခုနှစ်ထောက်လှန်းရေးအဖွဲ့ ဝင်များကို မြေလှန်စဉ်က ထိုအဖွဲ့ ဝင်ဟောင်းများပိုင်ဆိုင်သော
ကားများဖြစ်သည်ဟုသိရသည်။
၂၀၀ရခုနှစ်ဆန်းစပိုင်းက ကျပ်သိန်း ၈၀၀ကျော်ထိဈေးမြောက်ခဲ့သော Corolla Limitedကားအမျိုးအစားမှာပြည်တွင်းလေလံပွဲများနှင့် နိုင်ငံတကာစီးပွားရေးကျဆင်းမှုတို့ 
ကြောင့် ဇန်န၀ါရီလက သိန်း ၅၀၀ ထိဈေးပြုတ်ကျခဲ့သည်။
ရန်ကုန်မြို့ မှကားဝယ်ရောင်းတစ်ဦးကမူ လေလံပွဲများနှင့်ပတ်သက်၍“သန့် တဲ့ကားဆိုလေလံပွဲမှာ နာမည်ပဲရှိတော့တယ် ၊ အာဏာပိုင်တွေရဲ့ လူတွေကအကုန်
ယူပြီးသွားပြီဟု အခုဆိုကျွန်တော်တို့  လေလံကြေးနဲ့ လျှောက်လွှာဖိုး ခရီးစရိတ်အကုန်ခံပြီး
သွားမဆွဲတော့ဖူး”လေလံပွဲများနှင့်ပတ်သက်၍ညည်းတွားခဲ့သည်။
ယခုလေလံပွဲများကြောင့် ရန်ကုန်မြို့ တွင်မော်တော်ကားဈေးနှုန်းများမှာ သောကြာနေ့ မှစ၍
၁၀ ရာခိုင်နှုန်းခန့် ပြုတ်ကျသွားကြောင်းသိရသည်။
