

ဖေဖေါ်ဝါရီလ၂၂ရက်နေ့ တွင်ကျင်းပမည့်အော်စကာဟုခေါ်သည့် အမေရိကန်ရုပ်ရှင်ထူးချွန်ဆု
ပေးပွဲအတွက် လျှာထားခံရသောဇာတ်ကားများအနက် Slumdog Millonaire ဇာတ်ကားကို
အကောင်းဆုံးဇာတ်ကားဆု ဆွတ်ခူးနိုင်သည်ဟုအမေရိကန်ရုပ်ရှင်ဝေဖန်ရေးဆရာတို့ ကထင်ကြေးပေးနေကြသည်။
အကောင်းဆုံးဇာတ်ပို့ မင်းသမီးအဖြစ်ကိုမူ ဒါရိုက်တာဝူဒီအယ်လင်၏ Vicky Christina Barcelona ဇာတ်ကားမှ ပန်းချီဆရာ ဟွမ် အန်တိုနီယို ဂွန်ဇာလို ၏ ဇနီးဟောင်းပန်းချီဆရာမမာရီယာ အယ်လီညာအဖြစ်သရုပ်ဆောင်ခဲ့သည့် စပိန်မင်းသမီးချောကလေး ပယ်နီလိုပီခရု(ဇ်)ကရရှိမည်
ဟုထင်ကြေးပေးနေကြသည်။
အကယ်၍ပယ်နီလိုပီခရု(ဇ်)ကသာအော်စကာ ဆွတ်ခူးရရှိခဲ့လျှင် ပထမဦးဆုံးအော်စကာဆု
ဆွတ်ခူးနိုင်သည့် စပန်းနစ် သူလေးဖြစ်လာမည်ဟု Daily News သတင်းစာကဖေါ်ပြထားသည်။
ပယ်နီလိုပီခရု(ဇ်)မှာ ၂၀၀၆ ခုနှစ်က စပန်းနစ် ဇာတ်ကား Volver တွင်သရုပ်ဆောင်ခဲ့သည့်အတွက်လည်းဆုလျှာထားခံခဲ့ရသည်။
