ဒေါက်တာဇော်မြင့်မောင်နှင့် ကိုထွန်းဇော်ဌေးတို့  ပြန်လည်လွတ်မြောက်

စနေနေ့ က အင်းစိန်ထောင်ရှေ့တါင်ပြန်လည်လွတ်မြောက်လာသူများကိုစောင့်ကြိုနေသူများ ဓာတ်ပုံ့ www.freecountry.co.cc
စနေနေ့ က အင်းစိန်ထောင်ရှေ့တါင်ပြန်လည်လွတ်မြောက်လာ သူများကိုစောင့်ကြိုနေသူများ ဓာတ်ပုံ့ http://www.freecountry.co.cc

ရန်ကုန် တင်ကျော်ကျော်စိုး

ထောင်ကျအကျဉ်းစံသက်တမ်းအရှည်ဆုံးအမတ်ပြန်လည်လွတ်မြောက်
၆၃၁၃ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၁၉ဦးသာ ပါဟုဆို

စနေ နေ့ ကပြန်လည်လွတ်မြောက်လာသည်နိုင်ငံရေးအကျဉ်းသားများတွင် ဗကသခေါင်းဆောင်
ကိုထွန်းဇော်ဌေး ခေါ်ထွန်းထွန်းနှင့်အတူ၁၉၉၀ခုနှစ်ကတည်းကနှစ်ပေါင်း
၁၈နှစ်ကျော်ဖမ်းဆီးခံထားရသည့် အကျဉ်းသက်တမ်းအရှည်ဆုံးအမတ် အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ကို စစ်အစိုးရက လွှတ်ပေးလိုက်သည်ဟုသတင်းရရှိသည်။

ပြန်လည်လွတ်မြောက်လာသူများတွင် ဗားကရာတိုက်မှ ကိုတော်များလည်းဝင်ပြီးစစ်အစိုးရမှ
လွှတ်ပေးသည့်အကျဉ်းသား ၆၃၁၃ ဦးအနက် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများမှာ ရာဂဏန်းပြည့်အောင်ပင်မပါဝင်ဟုသိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) စမ်းချောင်းမြို့နယ် ဥက္ကဌ ဦးသက်ေ0ကိုစနေနေ့ ညနေ ၅ နာရီကျော်တွင်အင်းစိန်ထောင်မှပြန်လည်လွတ်မြောက်လာသည်ဟုစမ်းချောင်း
အန်အယ်လ်ဒီလူငယ်တစ်ဦးက Freedom News Group သို့ ပြောသည်။