
(အော်စကာဆုပေးပွဲသတင်းအပြည့်အစုံ)
အိန္ဒိယနိုင်ငံမှ ဆင်းရဲသောလူငယ်လေးကလေးတစ်ယောက်၏ ကြွေတစ်လက်ကြက်တစ်ခုန်ပဉ္စလက်ဘ၀ခရီးကြမ်းကိုရိုက်ကူးတင်ဆက်ပြထားသည့်Slumdog
Millionaire ဟုအမည်ရသည့် ဗြိတိသျှ-အိန္ဒိယပူးတွဲထုတ်လုပ်ထားသည့် ဇာတ်ကားက
ယနေ့ လောစ့်ဇင်းဂျလိစ်တွင်ကျင်းပသည့် ၈၁ကြိမ်မြောက်အကယ်ဒမီရုပ်ရှင်ထူးချွန်ဆု(အော်စကာဆု)ပေးပွဲတွင်အကောင်းဆုံးဇာတ်ကား
ဆုအပါအ၀င်ဆုရှစ်ဆုဆွတ်ခူးနိုင်ခဲ့သည်။
ကိတ်ဝင်းစလက်က The Reader ဇာတ်ကားဖြင့်အော်စကာဆုပေးပွဲတွင် အကောင်းဆုံးမင်းသမီးဆုဆွတ်ခူးနိုင်ခဲ့ပြီး ပယ်နီလိုပီခရု(ဇ်)ကမူ Vicky Christina Barcelona
ဇာတ်ကားဖြင့်ဇာတ်ပို့ မင်းသမီးဆုကိုရရှိခဲ့သည်။
အကောင်းဆုံးဇာတ်ပို့ မင်းသားဆုကို ကွယ်လွန်သွားပြီဖြစ်သည့် မင်းသားဟိတ်လက်ဂျာက The Dark Knight ဇာတ်ကားဖြင့်ရရှိပြီး ဇတ်ဆောင်မင်းသားဆုကို Mystic River ဇာတ်ကားဖြင့်အော်စကာဆုရရှိခဲ့ဖူးသည့် မင်းသားရှောင်ပန်းက Milk ဇာတ်ကားတွင်မိန်းမလျှာအခွင့်အရေးတိုက်ပွဲဝင်သူတစ်ယောက်အဖြစ်သရုပ်ဆောင်ခဲ့သည့်အ
တွက်အော်စကာဆုရရှိခဲ့သည်။
အကောင်းဆုံးဒါရိုက်တာဆုကိုမူ Slumdog Millionaire ဇာက်ကားကိုရိုက်ကူးခဲ့သည့်ဗြိတိသျှ
ဒါရိုက်တာ Danny Boyle ကရရှိခဲ့သည်။
မွမ်ဘိုင်းမြို့ အပါအ၀င်အိန္ဒိယနိုင်ငံတ၀ှမ်းတွင်မူSlumdog Millionaire ဇာတ်ကားကအော်စကာဆုသိမ်းကျုံးယူသွား၍အိန္ဒိယနိုင်ငံသားတို့ လမ်းမများပေါ်ထွက်၍
အောင်ပွဲခံကြသည်ဟု ရိုက်တာသတင်းတရပ်တွင်ဖေါ်ပြသွားသည်။
ယခုနှစ်အော်စကာဆုပေးပွဲတွင် ဆုပေါင်း၂၈ဆုထိပေးအပ်ချီးမြှင့်ခဲ့ပြီး အော်စကာရမည်ဟုနာမည်ထွက်နေသည့် အန်ဂျလီနာ ဂျိုလီနှင့် ဘရက်ပစ်တို့ မှာမူဆုမရရှိခဲ့ပါ။
၂၀၀၉ ခုနှစ်အော်စကာဆုရှင်များစာရင်းအပြည့်အစုံ
Here is Oscar 2009 winners list:
BEST PICTURE: Slumdog Millionaire
BEST DIRECTOR: Danny Boyle, Slumdog Millionaire
BEST ACTOR: Sean Penn, Milk
BEST ACTRESS: Kate Winslet, The Reader
BEST SUPPORTING ACTOR: Heath Ledger, The Dark Knight
BEST SUPPORTING ACTRESS: Penelope Cruz, Vicky Cristina Barcelona
BEST ORIGINAL SCREENPLAY: Milk
BEST ADAPTED SCREENPLAY: Slumdog Millionaire
BEST ORIGINAL SONG: A.R. Rahman and Gulzar — Jai Ho, Slumdog Millionaire
BEST ORIGINAL SCORE: A.R. Rahman, Slumdog Millionaire
BEST ANIMATED FEATURE: Wall-E
BEST FOREIGN LANGUAGE FILM: Departures
BEST ART DIRECTION: The Curious Case of Benjamin Button
BEST CINEMATOGRAPHY: Slumdog Millionaire
BEST COSTUME DESIGN: The Duchess
BEST FEATURE DOCUMENTARY: Man on a Wire
BEST SHORT DOCUMENTARY: Smile Pinki
BEST EDITING: Slumdog Millionaire
BEST MAKEUP: The Curious Case of Benjamin Button
BEST ANIMATED SHORT: La Maison en Petits Cubes
BEST LIVE-ACTION SHORT: Spielzeugland (Toyland)
BEST SOUND EDITING: The Dark Knight
BEST SOUND MIXING: Slumdog Millionaire
BEST VISUAL EFFECTS: The Curious Case of Benjamin Button
