ဒေါပုံမီးဘေးအိမ်ခြေ ၃၀ ကျော်ပျက်စီးဆုံးရှုံးဟုသိရ
ရန်ကုန်။   ။ တင်ကျော်ကျော်စိုး
ဒေါပုံမီးဘေး မီးသတ်ကားထက် စစ်ကားကအရင်ရောက်
ပေါ်ပြုလာ ပလတ်စတစ်စက်ရုံမှစတင်လောင်ကျွမ်းသောမီးကြောင့် အနီးအနားမှ အိမ်များမှာလည်း
ချက်ချင်းကူးစက်ပြီး ထိုရပ်ကွက်တွင်လမ်းများမှာကျဉ်းသောာကြောင့်မီးသတ်ကားများဝင်၍မလွယ်ကူဟု
သတင်းရရှိသည်။
ယခုသတင်းရေးနေချိန်တွင် မီးညွန့် မှာမကျိုးသေးဘဲ စစ်ဒေသကားများက မူ ၀ါဆို ရက်ကွက်နှင့်
ဒေါပုံ တံတားဟောင်းနှင့်တံတားသစ် (ဗန္ဓုလ) တံတားဆင်းတို့ တွင် အသင့်နေရာယူထားသည်ဟုဆိုသည်။ ထို ရပ်ကွက်သည် ယခင် ရန်ကုန်တိုင်းမှုးဟောင်းနှင့်  ယခုကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ ဇနီးဖြစ်သူ၏ စီးပွားရေးဂိုဒေါင်များ
ရှိရာရပ်ကွက်ဟုသိရသည်။
ယခုလအတွင်းရွှေပေါက်ကံ စက်မှုဇုန်ရှိ စက်ရုံတစ်ခုမှလည်းမီးလောင်ကျွမ်းမှုဖြစ်ခဲ့သည်။ယနေ့ ဒေါပုံမီးဘေးတွင် မျက်မြင်တွေ့ ရှိသူများပြောပြချက်အရ မီးသတ်ကားများရောက်မလာမှီမှာပင်
စစ်ကားနှင့် သံဆူးကြိုးများတင်ဆောင်လာသော ရဲကာများက အရင်ရောက်လာသည်ဟုသိရသည်။