ရွေးကောက်ပွဲကျင်းပပေးပါရန် သက်ဆင်လိုလားသူများက ၀န်ကြီးချုပ်ရုံးကို ပိတ်ဆို့ ဆန္ဒပြ

အဘီဆစ်ကို ဖြုတ်ချရန်ကြိုးပမ်းနေသူများ
အဘီဆစ်ကို ဖြုတ်ချရန်ကြိုးပမ်းနေသူများ (ဓာတ်ပုံ-www.abc.net.au)
ထိုင်းဝန်ကြီးချုပ်ရုံးကို ဆန္ဒပြသူများကပိတ်ဆို့ ထားစဉ်(ဓာတ်ပုံ-အေအက်ဖပီ)
ထိုင်းဝန်ကြီးချုပ်ရုံးကို ဆန္ဒပြသူများကပိတ်ဆို့ ထားစဉ်(ဓာတ်ပုံ-အေအက်ဖပီ)
အစိုးရရုံးအနီးတွင်စစ်တပ်များနေရာယူချထား(ဓာတ်ပုံ-အေအက်ဖပီ)
အစိုးရရုံးအနီးတွင်စစ်တပ်များနေရာယူချထား(ဓာတ်ပုံ-အေအက်ဖပီ)

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်အားထောက်ခံကြသည့်ထောင်ပေါင်းများစွာသော တီရှပ်အနီရောင်ဝတ်ဆန္ဒပြသမားများ က ဒီနေ့ မနက်မှာထိုင်းဝန်ကြီးချုပ်ရုံးကိုဝန်းရံပြီး
ဝန်ကြီးနှုတ်ထွက်ပေးရေး၊ပါလီမန်ဖျက်သိမ်းကာ ရွေးကောက်ပွဲသစ်ကျင်းပပေးရေးတို့ ကို
တောင်းဆို ခဲ့ကြသည်ဟုသတင်းရှိသည်။

ဆန္ဒပြသူတို့ တွေဟာ၎င်းတို့ ၏ အထိမ်းအမှတ်အနီရောင် အင်္ကျီများကိုဝတ်ဆင်ထားပြီး ဆန္ဒပြသူ
တစ်သောင်းကျော်ပါဝင်သည်ဟုသိရသည်။

ဆန္ဒပြသူတွေဟာငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဆန္ဒပြခဲ့ကြပြီး ထိုင်းဝန်ကြီးချုပ်ရုံးနှင့် အစိုးရအဖွဲ့ ရုံးတွေမှာတော့ ရဲ နှင့် စစ်တပ်အင်အားအမြောက်အမြားချထားသည်။

ထို ဆန္ဒပြသူများကို သက်ဆင် နှင့် ၎င်း၏နောက်လိုက် များအပါအ၀င် နိုင်ငံရေးလုပ်ခွင့်ပိတ်ပင်ခံထားရသည့် ထိုင်းရတ်ထိုင်းပါတီဝင်ဟောင်းများက ငွေကြေးပေး၍
စည်းရုံးထားသည်ဟု စွပ်စွဲထားသောလည်း ထို အစိုးရဆန့် ကျင် ရေး လှုပ်ရှားမှုမှာပို၍အားကောင်းလာမည်ဟုဆိုသည်။

ထိုင်းအပန်းဖြေစခန်းမြို့ တစ်ခုဖြစ်သော ဟွာဟင်းတွင် အာဆီယံနိုင်ငံများ၏ထိပ်သီးအစည်းအဝေးကိုကျင်းပလျှက်ရှိသည်။