ပြည်တွင်းနှင့် ပြည်ပမီဒီယာနှစ်ချမ်းကွဲသွားနိုင် ဟု ပြည်တွင်းသတင်းသမားများသုံးသပ်
သတင်းဖြစ်လျှင်ပြီးရောအတင်းလုပ်ရေးသည့်ပုံမျိုးကိုရှောင်ရှားသင့်
အသံလွှင့်ဌာနများအပါအ၀င်ပြည်ပမီဒီယာများ၏ စာနယ်ဇင်းကျင့်ဝတ်မရှိသော သတင်းတင်ဆက်မှုများကြောင့် ပြည်တွင်းနှင့်ပြည်ပ သတင်းမီဒီယာများနှစ်ခြမ်းကွဲသွားနိုင်ကာ
ဆက်ဆံရေးများပြတ်တောက်သွားနိုင်ကြောင်း ထိုင်းနိုင်ငံချင်းမိုင်မြို့ တွင် ကျင်းပနေသော မြန်မာ့
သတင်းသမဂ္ဂ၏ညီလာခံသို့ တက်ရောက်လာသည့် ပြည်တွင်းသတင်းသမားတစ်ဦးက Freedom
News Group သို့ ပြောသည်။
သူကဆက်လက်၍ “ကျွန်တော်တို့ ဆီအင်တာလှမ်းဗျူးတယ်ဗျာ၊ဖြစ်ကြောင်းကုန်စင်လှမ်းပြောပြလိုက်တယ် နာမည်နဲ ယ့်သတင်းဌာနထည့်မရေးပါနဲ့ ဆိုမှ အဲဒီထည့်မရေးပါနဲ့ ပြောစကားတောင်ထည့်လိုက်သေးတယ်။
ပြည်တွင်းကအခြေအနေလည်းခင်ဗျားတို့ သိတဲ့အတိုင်းပဲ နောက်ရှိသေးတယ် ကျွန်တော်ရဲ့ဂျာနယ်
တိုက်နာမည်ထည့်မရေးပါနဲ့ လို့ ပြောတာခင်ဗျားတို့ ကကြောက်လို့ လားဘာညာလို့ ပြောတတ်တဲ့
အသံလွှင့်ဌာန တစ်ခုက သတင်းထောက်တစ်ယောက်ရှိသေးတယ်လို့ သူက ပြောသည်။
ပြည်ပမီဒီယာများတွင် အထင်နှင့် ရေးသားခြင်းသတင်းရလိုဇောတစ်ခုတည်းကိုသာကြည့်၍
သတင်းပေးသူသို့ မဟုတ်သတင်းရင်းမြစ် ကို မစောင့်ထိန်းနိုင် ခြင်းတို့ ကြောင့် ပြည်တွင်းသတင်းသမားများမှာ ပြည်ပ မီဒီယာများနှင့် ဆက်သွယ်ရန်လက်တွန့် နေကြသည်။
ယခင်သတင်းပတ်အတွင်းက ပြည်တွင်းသတင်းဂျာနယ်တစ်စောင် နှင့် ပြည်ပ သတင်းစာစောင်