ကျိုက်ထိုမြို့ လည်တွင်ကမ္ဘာပျက်သလိုမီးအကြီးအကျယ်လောင်

တင်ကျော်ကျော်စိုး
မွန်ပြည်နယ် ကျိုက်ထိုမြို့ မြို့ လည် ရှိလူစည်ကာရာဈေးအနီးရှိရပ်ကွက်တွင် ယနေ့ ညနေ၅နာရီကျော်အချိန်မှစ၍ မီးစတင်လောင်ကျွမ်းနေရာယခုသတင်းရေးနေချိန်ထိည ၉နာရီထိမီး
လောင်ကျွမ်းမှုမရပ်သေးဟုသိရှိရသည်။
ကျိုက်ထို မီးသတ်စခန်းတွင် မီးသတ်ကား၅စီးသာရှိ၍ အနီးအနားရှိမြို့ များဖြစ်သော မုပ္ပလင် နှင့်သထုံတို့ မှမီးသတ်ကားများကို ရတခ မှတစ်ဆင့် တောင်းခံထားရသည်ဟုသိရသည်။

ကျိုက်ထိုမြို့ တွင်မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် ဒေသခံများမှာကမ္ဘာပျက်သကဲ့သို့ ရှိပြီး
ဖုန်းလိုင်းများအားလုံးမှာလည်းဆက်သွယ်ခေါ်ယူ၍မရတော့ချေ။နောက်ဆုံးကြားသိရသည့်
သတင်းများအရ မီးမှာ ပိုအိမ်ခြေ ၁၀၀ကျော်ခန့် ကို ၀ါးမြိုခဲ့ပြီးဖြစ်ကြောင်းသိရသည်။

Fredom News Group မှထိုသတင်းနှင့်ပတ်သက်သမျှအသေးစိတ်ကိုထပ်မံဖေါ်ပြပေးပါမည်။