၂၀ရာစုမြန်မာဟာသ၀တ္ထ္ထုတိုများ(စာအုပ်အညွှန်း)
၂၀ရာစုမြန်မာဟာသ ၀တ္ထုတိုများစာအုပ်မျက်နှာဖုံး
၂၀ရာစုမြန်မာဟာသ ၀တ္ထုတိုများစာအုပ် မျက်နှာဖုံး
ဟာသလိုင်းတွင်နာမည်ကျော်ကြားသောမြန်မာစာရေးဆရာ၁၉ ဦးပါဝင်ရေးသားထားသည့်၂၀ရာစုမြန်မာဟာသ၀တ္ထုတိုများ
အမည်ရှိစာအုပ်ကို လောကသစ်စာပေမှထုတ်ဝေဖြန့် ချိခဲ့သည်။
ကုသ၊နွယ်စိုး၊သော်တာဆွေ၊ထင်လင်း၊သာဂဒိုး၊မောင်ထင်၊
သော်တာဆွေ၊မိုးဟိန်း၊ကြပ်ကလေး၊အီကြာကွေး၊ကြူမွှေး၊အဏ္ဏ၀ါစိုးမိုး၊
နေ၀င်းမြင့်၊ဇ၀န၊ကျော်ရင်မြင့်၊သုမောင်၊မင်းလူ၊ကျော်ရင်မြင့်၊မိုးနွယ်၊
အကြည်တော်စသည့် စာရေးဆရာများပါဝင်သည်။
ဟာသလိုင်းတွင်နာမည်ကျော် မဟုတ်သောစာရေးဆရာများကထိုစာအုပ်တွင်
ကို ချီးကျုးရပေမည်။
နေ၀င်းမြင့်၏ ကွန်ပျုတာအမည်ရှိဝတ္ထုတို ကလေးမှာ ခောတ်ကို ဟာသအမြင်ဖြင့် ပုံဖေါ်ထားပြီး
အကြည်တော၏ဖမ်းရဲဖမ်းကြည့်ကမူ မပြုံးဘဲနှင့် ၀ါးလုံးကွဲရယ်ချင်စရာဖြစ်သည်။
ခောတ်အဆက်ဆက်မြန်မာ ဟာသစာရေးဆရာများ၏တင်ဆက်ပုံမတူ ခြင်းကိုထိုစာအုပ်တွင်
တွေ့ မြင်နိုင်ပေသည်။