ကျိုက်ထိုမီးလောင်မှုတွင်လု ယက်မှုများ ဖြစ်ပွား
ယမန်နေ့ ညနေကစတင်လောင်ကျွမ်းခဲ့သောကျိုက်ထိုမီးလောင်မှုတွင်အများပြည်သူများကမီးလန့် 
၍ထွက်ပြေးကြစဉ် လု ယက်မှုများ နှင့်အလစ်သုတ်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
ညနေခြောက်နာရီကျော်အချိန်က စတင်လောင်ကျွမ်းခဲ့သောမီးမှာ ဒေသခံမီးသတ်စခန်းတွင် မီးသတ်ယာဉ်များအလုံအလောက်မရှိ၍ မုပ္ပလင်နှင့် စစ်တောင်းမှ မီးသတ်ကားများအပါအ၀င်
ကျိုက်ထို အခြေစိုက် စစ်တပ်မှလာရောက်ကူညီ ညှိမ်းပေးရသည်ဟုသိရှိရသည်။
မီးလောင်နေစဉ်အတွင်းလုယက်မှုများနှင့် ပုံမှားရိုက် ပစ္စည်းသယ်ပြေးမှုများကို ရဲကမဟန့် တားနိုင်ခဲ့ပဲစစ်တပ် ရောက်လာမှသာ ၀င်ရောက်ထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့် မြို့ ဝင်မြို့ ထွက်ဂိတ်များကို ပိတ်ထားကြောင်းလည်းသိရသည်။လောင်စာဆီ
များကို လောင်သည့်မီးဖြစ်သောကြောင့် မီးတောက်မီးလျှံများ တက်လာပြီး ည၁၀ နာရီမှမီးညွှန့် ကျိုးသွားခဲ့သည်။