
ယနေ့ မှစ၍နေပြည်တော်ရုပ်ရှင်ရုံတွင် ပြသနေသည့် အော်စကာဆုရ ဆလမ်းဒေါ့ မီလျှံနာဇာတ်ကားအားမှောင်ခိုလက်မှတ်ဈေးကို မမှု သွားရောက်ကြည့်ရှုသူများနှင့်
ရန်ကုန်မှ Freedom News Group အဖွဲ့ သားများက တွေ့ ဆုံမေးမြန်းထားသည်ကို
တင်ဆက်ပေးလိုက်ပါသည်။
FNG။ ။ရုံးကလာကြည့်ကျတာလား။
ပရိသတ်။ ။ဟုတ်တယ်သမီးတို့ ထရိတ်ဒါးဟိုတယ်က ညနေDuty
မ၀င်ခင်လာကြည့်ကျတာ
FNG။ ။ဘွတ်ကင်လား၊ရုံရောက်မှဝယ်တာလား။
ပရိသတ်။ ။၁နာရီရောက်တာကို ၂နာရီပွဲလက်မှတ်ကုန်သွားလို့ ၈၀၀ တန်း
ကိမှောင်ခိုတွေက ၃၀၀၀ ပြောတာ ၂၅၀၀ နဲ့ ရခဲ့တယ်ဒါတောင်တ
ချို့ မှောင်ခိုတွေဆီမှာလက်မှတ်ပြတ်သွားတယ်။
FNG။ ။ကြိုက်လားဒီကားကို တချို့ ကနာမည်ကြီးသရုပ်ဆောင်တွေ
မပါတော့မကြိုက်ဘူးတဲ့
ပရိသတ်။ ။ဂျမယ်ငယ်ဘ၀က သရုပ်ဆောင်တဲ့ ကလေးလေးကိုကြိုက်တယ်။အမီတာဘ
ဂျမ်းလက်မှတ်ရဖို့  သွားတာချီးတွေ တကိုလုံး ပေနေတာတောင်ဂရုမစိုက်ဘူး။
သူ့ ချစ်သူ ကိုပြန်ရအောင်ယူတဲ့ အခန်းမှာ ဘာမှနောက်တွန့် မနေပဲလုပ်သွားတာ
Oceean’s 11 က ဂျော့ကလူနီ နဲ့ တူတယ်။
FNG။ ။ဒီကညီလေးက တွေ့  ဖူးသလိုပဲ ။ဂျာနယ်တစ်ခုကပဲထင်တယ်။
နာမည်ဘယ်လိုခေါ်လဲ။
ပရိသတ်။ ။ညီညီပါ။
FNG။ ။ဟုတ့်ကဲ့ ၊ကိုညီညီ ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ခင်ဗျားအမြင်ကို ပြောပါအုံး
ခင်ဗျားကဂျာနယ်လစ်ဆိုတော့ပိုမြင်တတ်တယ်လေ။
ကိုညီညီ။ ။၂၀၀၅ခုနှစ်က မီလျှံဒေါ်လာ ဘေဘဇာတ်ကားနောက်ပိုင်း
ကတည်းအော်စကာပေးတဲ့ ထရန်းက နဲနဲ ပြောင်းသွားတယ်။လူသိသိပ်မများသေးတဲ့Untold Stories တွေကို ပေးတာများလာတယ်။
နောက်ပိုင်းပေးတဲ့ ဇာတ်လမ်းတွေက ရာဇ၀တ်မှုနဲ့ ဆက်နွယ်တဲ့ဇာတ်လမ်းတွေကိုပေါ့ ။
အဲဒီဇာတ်လမ်းတွေက ကာရိုက်တာတွေက လူဆိုးပဲဖြစ်ဖြစ်လူကောင်းပဲဖြစ်ဖြစ်သူတို့ လုပ်စရာရှိရင်ဘာမှနောက်မတွန့် ပဲလုပ်သွားကျတာကိုပေးတာများတယ်။
အမေရိကန်တွေက အဲလို အောက်ဆုံးကနေထိပ်ဆုံးရောက်လာကျတဲ့ ဟာမျိုးတွေကိုသဘောကျတာကို American Dream ပေါ့။
FNG။ ။ခုလိုပြောပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
