ပြီးခဲ့တဲ့ အပတ်က မကြာသေးခင်က အင်းစိန်ထောင်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့နှစ်ကြီးအကျဉ်းသား ဦးဘအေးနဲ့ 
တွေ့ ဆုံမေးမြန်းထားတာကိုတင်ဆက်ခဲ့ပါတယ်။
ဒီတစ်ပတ်မှာတော့အားပေးကူညီမှုဖြင့် ထောင်ဒဏ် ၆ နှစ်ကျော်ကျခံရကာ အင်းစိန်ထောင် မြောင်းမြ ကစကဲ ရဲဘက် နှင့် ပုသိမ်ထောင်တို့ တွင်နေ ခဲ့ရသူတစ်ဦးဖြစ်သည့် ကိုဝင်းအောင်(နာမည်ရင်းမဟုတ်ပါ)နဲ့ တွေ့ ဆုံမေးမြန်းထားပါတယ်။
FNG။ ။ကိုဝင်းအောင်အခု ဘယ်ထောင်ကလွတ်လာပါသလဲခင်ဗျ။
ကိုဝင်းအောင်။ ။ကျွန်တော်ပုသိမ်ထောင်ကလွတ်လာတာပါ။
FNG။ ။ထောင်စကျတည်းကပုသိမ်ထောင်မှာပဲလား။
ကိုဝင်းအောင်။ ။စကျတော့ အင်းစိန် နောက် ပုသိမ် တစ်နှစ်ကျော်လောက်နေပြီး
တော့ မြောင်းမြ ထောင်မှာ တစ်လ နောက်
ကစကဲ ရဲဘက်ကိုပါသွားတယ်။
FNG။ ။ကစကဲရဲဘက်မှာဘယ်လောက်နေလိုက်ရလဲ။
ရဲဘက်စခန်းတွေရဲ့ အခြေအနေ နည်းနည်းလောက်ရှင်းပြပါအုံး။
ကိုဝင်းအောင်။ ။ ၅နှစ်နီးပါးကြာတယ်။နာဂစ်ဖြစ်ပြီးမှ ကစက
ရဲဘက်ကနေပုသိမ်ထောင်ရောက်သွားတာ။
ကစကဲမှာတောထောင်လောက်မကျဉ်းကျပ်တော့ဘူး။
ဒါပေမယ့်လိုင်း မ၀င်ထားရင် တနေကုန်အလုပ်လုပ်ရတာနဲ့ တစ်လနှစ် လကျော်သွားရင်ဘယ်သူမှမခံနိုင်တော့ဘူး။အကုန်ဂိ ကျတာဘဲ။
ကစကဲ မှာတော့ရဲဘက်တစ်ယောက်သေတာဘာမှမထူးဆန်းဘူး။ထောင်မှုးကလက်
မှတ်တစ်ချက်ထိုးပေးလိုက်ရင် ပြီးပြီ။ လိုင်းဝင်ထားရင်တစ်လငါးသောင်း ဘာမှလုပ်စရာမလိုတော့ဘူး။အိမ်ကမလိုက်နိုင်သူတွေဆို ရေထဲမှာလျှော်စိုက်ရတယ်။
ကောက်စိုက်ရတယ်။
FNG။ ။ရဲဘက်တွေ မှာလိုင်းဝင်နိုင်ရင်အိမ်ကမိန်းမနဲ့ 
တောင်နှပ်လို့ ရတယ်ဆို။
ကိုဝင်းအောင်။ ။ဒါကသိပ်မထူးတော့ပါဘူးရဲဘက်တွေမှာ
ကတခြားမိန်းမတွေတောင်ခေါ်အိပ်လို့ ရသေးတယ်။ပိုက်ဆံရှိရင်ငါးဆူတောင်လိုရဲဘက်မျိုးဆို အပြင်က ဆော်တွေကို သူတို့ အိမ်ထဲခေါ်ထားလို့ ရတယ်။
FNG။ ။ရဲဘက်စခန်းတွေရဲ့ အဆိုးဝါးဆုံး
အခြေအနေတစ်ခုကိုပြောပြနိုင်မလား။
ကိုဝင်းအောင်။ ။လူမဆန်တာပဲဗျာ။ ရဲဘက်စခန်းအာဏာပိုင်တွေက လူကို
လူလို့ မထင်ဘူး။တိရိစ္ဆာန်လောက်ပဲသဘောထားတယ်။အမိန့် သူတို့ ပါးစပ်ထဲမှာ။ကျွန်တော်တို့ ရဲဘက်က တချို့ ဆို ရန်ကုန်-ပုသိမ်လမ်းပျက်တဲ့ နေရာတွေနဲ့ တချို့ နေရာတွေမှာ သွားပြင်ရတယ်။နေပူကြီးထဲမှာ နာဂစ်ဖြစ်တဲ့နေရာတွေလူကြီးလာမယ်ဆိုလို့ ။အများပြည်သူ မြင်တဲ့နေရာတွေမှာတောင် ခွေးမောင်း ၀က်မောင်းခိုင်းတော့ စခန်းထဲတို့ လူမမြင်တဲ့နေရာတွေဆိုစဉ်းစားတာကြည့်ပေါ့။
လမ်းပြင်နေတဲ့ ရဲဘက်တွေကို ခရီးသွားတွေက ပိုက်ဆံတို့  စားစရာတို့ ပစ်ချပေးတာကိုအစောင့်တွေကသိမ်းတယ်။ပိုက်ဆံပစ်ချပေးရင်ခြေထောက်ကလေးနဲ့ ဖိပြီး
သူတို့ မသိအောင်ယူရတယ်။
တွေ့ သွားရင်သိမ်းပြီ။ဧရာဝတီ ဘက်က ရဲဘက်စခန်းတွေမှာ အလုပ်လုပ်ရတဲ့သူဆိုရင် နာဂစ်ပြုပြင်ရေးဆိုပြီးချောဆွဲတာတွေရှိတယ်။
FNG။ ။ရဲဘက်တွေမှာ ဆေးဝါးစောင့်ရှောက်မှုပိုင်းဘယ်လို လဲ။
ကိုဝင်းအောင်။ ။သူတို့ ဝန်ထမ်းတွေဆီမှာတောင် မရှိလို့  ရဲဘက်တွေဆီ
ကပြန်တောင်းသောက်နေရတာ။
ရဲဘက်တွေကအပြင်က၀ယ်သောက်ရတာ။
