
မခင်ဥမ္မာ အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်လျှင် စစ်ဗိုလ်ချုပ်များ က
ကန့် ကွက်၍ပြန်မည်လုပ်နေသောကြောင့် မခင်ဥမ္မာမှထို အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိကြောင်းသိရသည်။ ထို့ အတူ ကမ္ဘောဒီးယားအာဏာပိုင်များကကန့် ကွက်သောကြောင့် ကမ္ဘောဒီးယားလူ့ အခွင့်အရေးလှုပ်ရှားသူ Pen Somony လည်းတက်ခွင့်မရကြောင်းသိရသည်။
၁၉၉၈ခု နှစ်ပြည့်သူ့ လွှတ်တော်ခေါ်ယူရေး နှင့် စစ်အစိုးရပြုတ်ကျရေးတောင်းဆို ဆန္ဒပြပွဲတွင်တက်ကြွ စွာခေါင်းဆောင်ခဲ့သည့် ကိုကျော်လင်းဦး က ဦးဆောင်ပြီး ထိုင်းနိုင်ငံ
ချာအမ်းတွင်ကျင်းပ နေသည့် ၁၄ ကြိမ်မြောက် အာဆီယံခေါင်းဆောင်များအစည်းအဝေးတွင်
မြန်မာစစ်ခေါင်းဆောင်များ ၏ဖိ နှိပ်ချုပ်ချယ်မှုနှင့် လူ့ အခွင့် အရေးချိုးဖောက်မှုကို ဆန့် ကျင်ကန့် 
ကွက်သောအားဖြင့် စက်ဘီးစီး၍မြို့ တစ်ပတ်လှည့် လည်ကာဆန့် ကျင်ဆန္ဒပြခဲ့ ကြောင်းသိရသည်။
ထိုစက်ဘီးစီးကန့် ကွက်ပွဲသို့  မြန်မာ လူမျိုးများအပြင် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများလည်းပါဝင်ကြောင်းသိရသည်။အာဆီယံ ထိပ်သီးအစည်းအဝေးသို့  ဗိုလ်ချုပ်မှုးကြီးသန်းရွှေမတက်ပဲ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်သာတက်ကြောင်းသိရသည်။
ဆန္ဒပြပွဲတွင်ပါဝင်သော ထိုင်းကျောင်းသူတစ်ဦး ကလည်း မြန်မာနိုင်ငံ၏ ပြဿနာများသည် ပြည်တွင်းရေးသက်သက် ဟု မယူဆသောကြောင့် peace for Burma အဖွဲ့ နှင့် ပူးတွဲ၍ဆန္ဒပြသည်ဟု Freedom News Group သို့ ပြောသည်။
