
အရှေ့ တောင်အာရှ၁၀ နိုင်ငံပါဝင်သော အာဆီယံ နိုင်ငံများ၏ ခေါင်းဆောင်များက မြန်မာနိုင်ငံတွင်း ရှိနိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် လူ့ အခွင့်အရေးလေးစားလိုက်နာရန်တောင်းဆိုလိုက်သည်ဟု သိရသည်။ထိုင်းနိုင်ငံဟွာဟင်းတွင်ကျင်းပနေသည့် ၁၄ ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေးပိတ်ပွဲတွင် အာဆီယံအတွင်းရေးမှုးချုပ် ဆူရင်ပစ်ဆူဝမ်က နိုင်ငံတကာသတင်းထောက်များကို မြန်မာအစိုးရ၏ ဒီမိုကရေစီဖေါ်ဆောင်ရေးကိုတွန်းအားပေးရန်အတွက်ထိုသို့ ပြောကြားခြင်းဖြစ်သည်။
အာဆီယံထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်
အဘီဆစ် ၀ဇ္ဖာဇီဝ က နှစ်ရက်ကြာကျင်းပခဲ့သည့် အစည်းအဝေးအပြီးတွင် မြန်မာနိုင်ငံအနေဖြင့်
လူ့ အခွင့်ရေးနှင့်ဒီမိုကရေစီကို ပိုမိုလေးစားလိုက်နာရန် ပြောဆိုခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေး တွင် လက်ရှိဖြစ်ပေါ်နေသောရိုဟင်ဂျာလှေစီးဒုက္ခသည်များကိစ္စနှင့်ပတ်သက်၍ဆွေးနွေးမှုများရှိသော်လည်း
မြန်မာ ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်က ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၏တိုင်းရင်းသားလူမျိုးစုများတွင်မပါဝင်ဘဲ မြန်မာနိုင်ငံတွင်မွေးသော ဘင်္ဂါလီလူမျိုးစုသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အာဆီယံ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အာဆီယံ ခေါင်းဆောင်များနှင့် အရပ်ဘက်လူ့ အ
ဖွဲ့ အစည်းတို့ တက်ရောက်ခွင့် ကို စီစဉ်ထားသော်လည်း မြန်မာကိုယ်စားလှယ်များက ကန့် ကွက်သောကြောင့် ဒီမိုကရေစီ နှင့် ဖွံ့ ဖြိုးတိုးတက်ရေးကွန်ယက်မှ မခင်ဥမ္မာမှာတက်ရောက်ခွင့်မရခဲ့ဟုသိရှိရသည်။
ထိုင်းဝန်ကြီးချုပ် အဘိဆစ်ဝဇ္ဖာဇီဝ က နိုင်ငံရေးအကျဉ်းသားများကိုပိုမို လွှတ်ပေးဖို့ ပြောဆိုခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်သင့်ကြောင်း ပြောဆိုခဲ့သည်။
