Updated 6:00 pm local time
သမ္မတရုပ်ရှင်ရုံရှေ.၊အလံပြဘုရားလမ်းပေါ်တွင် ယနေ့နေ့လည် ၁နာရီခွဲအချိန်ခန့် က
မြောက်ဥက္ကလာမှရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ဘီအမ်
ကားတိမ်းမှောက်မှုကြောင့် လူ၂ဦးပွဲချင်းပြီးသေဆုံးပြီး၈ဦးဒဏ်ရာပြင်းထန်
စွာရသည်ဟုသတင်းရရှိသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ချိန်နှင့်တိုက်ဆိုင်စွာပင် သမ္မတရုပ်ရှင်ရုံမှပွဲစဉ်အပြီးရုံခါချိန်နှင့်လည်း
တိုက်ဆိုင်နေ၍ မော်တော်ကားတိမ်းမှောက်ရာနေရာတစ်ဝိုက်တွင်လူများဝိုင်းအုံခဲ့သည်။
တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့်မော်တော်ကားမှာ ယောက်လမ်းမှတ်တိုင်တွင် မရပ်ဘဲပြိုင်ဘက်ကားနှင့် ယှဉ်မောင်းရာမှာ ကျောက်စိမ်းရုံကွေ့ တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက်မော်တော်ကားမောင်းသူမှာထွက်ပြေးရန်ကြိုးစားသော်
လည်းသမ္မတရုံ လုံခြုံရေးအစောင့်များကဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
ဒဏ်ရာရရှိသောသူများကို ရန်ကုန်ဆေးရုံကြီးအရေးပေါ်လူနာတင်ဌာနသို့  ပို့ ဆောင်ပေးထား
ကြောင်းသတင်းရရှိသည်။
ရန်ကုန်မြို့ တွင်ယာဉ်တိုက်မှုနှင့်ယာဉ်တိမ်းမှောက်မှုများမကြာခဏဖြစ်ပွားလျှက်ရှိရာ
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကပင် ရန်ကုန်မြို့ ရွှေတိဂုံဘုရာလမ်းနှင့် ကျောက်မြောင်းတွင်အရှိန်မထိမ်းနိုင်ဘဲထပ်ဆင့်ယာဉ်တိုက်မှုများဖြစ်ပွားခဲ့သည်။
