နိုင်ငံတကာတရားရုံးကဆူဒန်သမ္မတကို ဖမ်းဝရမ်းထုတ်

ဆူဒန်သမ္မတ အိုမာအယ်ဘာရှီးယား ဓာတ်ပုံ-အေပီ
ဆူဒန်သမ္မတ အိုမာအယ်ဘာရှီးယား ဓာတ်ပုံ-အေပီ

စစ်ရာဇ၀တ်မှု လူမျိုးတုံး သတ်ဖြတ်မှုများဖြင့် ဆူဒန်သမ္မတကို ဖမ်းဝရမ်းထုတ်

အေပီ သတင်း

နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့ တွင်ရှိသော နိုင်ငံတကာရာဇ၀တ်မှုများဆိုင်
ရာရုံးတော်ကဆူဒန်နိုင်ငံသမ္မတ အိုမာ အယ်ဘာရှီးယားကို
ဗုဒ္ဓဟူးနေ့ က ဖ၀ရမ်းထုတ်လိုက်သည်။သည်ဟိတ်၏ ဖမ်းဝရမ်းထုတ်ပြန်မှုများတွင် အိုမာအယ်ဘာရှီးယားမှာ လက်ရှိတိုင်းပြည်ခေါင်းဆောင်တစ်ဦးအနေဖြင့် ပထမဆုံး အကြိမ်ဖြစ်သည်။ယခင်ကဖမ်းဝရမ်းထုတ်ပြန်ခံရသူများမှာ အာဏာလက်မဲ့ဖြစ်ပြီးမှ
သော်လည်းကောင်းသို့ တည်းမဟုတ် တိုင်းပြည်ခေါင်းဆောင်အဖြစ်မှဖြုတ်ချခံရသူများဖြစ်သည်။

သူ့ ကို နိုင်ငံတကာတရားရုံးက စစ်ရာဇ၀တ်မှုများပြင် လူသားမျိုးနွယ်တုံးသတ်ဖြတ်မှုများ
တွင်တိုက်ရိုက်တာဝန်ရှိသည်ဟူသောစွပ်စွဲချက်များဖြင့်ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။

သည်ဟိဂ်တွင် ယနေ့ မနက်ပိုင်းက တရားသူကြီးသုံးဦးကထို အမှုကိုကြားနာစစ်ဆေး
ပြီးနောက် အိုမာ အယ်ဘာရှီးယားကို လူသုံးသိန်းကျော်သေဆုံးပြီး လူပေါင်း ၂.ရသန်းကျော်
နေရပ်ကိုစွန့် ခွာခဲ့ရမှုများအတွက် အထောက်အထားခိုင်လုံစွာဖြင့်သူ့ တွင် တာဝန်ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သူက ရာဇ၀တ်မှုတွေ အတွက်သံသရရှိခံထားရသူတစ်ယောက်လည်းဖြစ်တယ်၊
ဒါဖာမှာဖြစ်ခဲ့တယ့်လူသတ်မှုတွေ၊နှိပ်စက်ညှင်းပမ်းမှုတွေ၊အဓမ္မကျင့် ခံရမှုတွေ ၊အိုးပစ်အိမ်ပစ်
ထွက်ပြေးရမှုတွေ ၊ တွေးရဲစရာမရှိအောင် အသတ်ခံရမှုတွေအတွက် အဓိကလက်သည်ပဲဟု
တရားရုံး၏ ပြောရေးဆိုခွင့်ရှိသူ လောရင့် ဘလယ်ရီယွန်ကပြောသည်။

အယ်ဘာရှီးယား ကမူသူ့ တွင် ဘာအပြစ်မှမရှိကြောင်း သည်ဟိဂ်မှာ အနောက်နိုင်ငံများ ၏
စက်ယန္တယားတစ်ခုသာဖြစ်ကြောင်း သူ့ ကိုဖမ်းဝရမ်းထုတ်ခြင်းဖြင့်တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်အနောက်နိုင်ငံများကကြံဆောင်
နေကြောင်းပြန်လည်ချေပခဲ့သည်။

အကယ်၍အယ်ဘာရှီးယားမှာ ပြစ်မှုထင်ရှားပါကထောင်ဒဏ်တစ်သက်ထိအနည်းဆုံးကျ
ခံရမည်ဖြစ်သည်။

အယ်ဘာရှီးယားကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်းကို နိုင်ငံတကာရှိလူ့ အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအုပ်စု များက၀မ်းပန်းတသာကြိုဆိုကြသည်။

သူဟာဘယ်တော့မှသူလုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် ထွက်ပေါက်မရှိဘူးဆိုတာသူကောင်းသိသိသွားပြီး တချိန်ထဲမှာလည်း သူက အလိုရှိဆုံးလူသားတစ်ဦး ဖြစ်သွားပြီမို့ သူ့ ဘ၀မလုံခြုံ တော့ဘူးဆိုတာလည်းသိသွားပြီဟု
Human Rights Watch အဖွဲ့ မှဒါရိုက်တာရစ်ချတ်ဒစ်ကာကပြောသည်။

ဆူဒန် နိုင်ငံပိုင်ရုပ်သံဌာနမှထိုသတင်းကို မထုတ်ပြန်သော်လည်း ရာပေါင်းများစွာသောဆူဒန်
နိုင်ငံသားများသည် အိုမာ အယ်ဘာရှီးယား၏ပုံကို ကိုင်ဆောင်လျှက် ခါတွန်ရှိ အစိုးရရုံးအဖွဲ့ နားတွင်လှည့်လည်ကာ တရားရုံး၏လုပ်ရပ်ကိုရှုံချပြီး ဘာရှီးယားကိုထောက်ခံကြောင်းပြသခဲ့
သည်။

မနက်ဖြန်တွင်မူ ဆူဒန်အာဏာရပါတီကဦးဆောင်ပြီး Million Man March ဟုအမည်ပေးထားသော လှုပ်ရှားမှုတစ်ခုဖြင့် သည်ဟိဂ်၏ ဖမ်းဝရမ်းထုတ်ခြင်းကိုဆန့် ကျင်ကန့် ကွက်သွားမည်ဟုသိရသည်။

ဆူဒန် နိုင်ငံဒါဖာတွင် ၂၀၀၃ ခုနှစ်ကတည်းကလူမျိုးတုန်းသတ်ဖြတ်မှုများကြောင့် လူသုံးသိန်း
ကျော်သေဆုံးခဲ့ပြီး သေဆုံးရသူ၏ နှစ်ဆယ်ရာခိုင်နှုန်းမှာ အရွယ်မရောက်သေးသူများ
ဖြစ်သည်။