မြန်မာ ကားများထိုင်းမြေတွင်ဥဒဟိုပြေးဆွဲနေခြင်းကိုမကျေနပ်၍ မဲဆောက်လိုင်းကားများက ချစ်ကြည်ရေးတံတားကိုပိတ်ဆို့ ဆန္ဒပြ

ထိုင်းကားများကပိတ်ထားသဖြင့် လူသူကင်းရှင်းသွားသောချစ်ကြည်ရေးတံတားထိုင်းဘက်အခြမ်း
ထိုင်းကားများကပိတ်ထားသဖြင့် လူသူကင်းရှင်းသွားသောချစ်ကြည် ရေးတံတားထိုင်းဘက်အခြမ်း

၅ မတ် မဲဆောက် ၊တခ်
မဲဆောက်တွင်ရှိသောထိုင်းခရီးသည်တင်လိုင်းကားအစီး ၁၅၀ ခန့် က ယမန်နေ့ ညသန်းခေါင်ယံအချိန်ကတည်းက ထိုင်းဘက်သို့ အ၀င် မြ၀တီမဲဆောက်ချစ်ကြည်ရေးတံတားကို ပိတ်ဆို့ ဆန္ဒပြလိုက်သည်ဟု
သိရသည်။

မြန်မာဘက်မှခရီးသည်တင်တောင်းအေ့(စ်)အမျိုးအစားလိုင်းကားအစီး ၈၀
ကျော်ကနေ့ စဉ်နယ်စပ်ချစ်ကြည်ရေးတံတားကိုဖြတ်ကာ မဲဆောက်မြို့ ထဲသို့ အိမ်တိုင်ရာရောက်ပြေးဆွဲနေသောကြောင့် မဲဆောက်ခရီးသည်တင်လိုင်းကားများတွင်နစ်နာမှုရှိသောကြောင့်
ထိုသို့ ပိတ်ဆို့ ဆန္ဒပြရခြင်းဖြစ်သည်ဟု ခရီးသည်တင်လိုင်းကားတစ်စီးကို ပြေးဆွဲနေသောထိုင်းလူမျိုး ကျလန် က Freedom News Group သို့ ပြောသည်။

ယခုကဲ့သို့ ပိတ်ဆို့ ဆန္ဒပြမှုကြောင့် မြန်မာဘက်မှ ကားများယနေ့ မနက်မှစ၍ထိုင်းနိုင်ငံမဲဆောက်ဘက်ခြမ်းသို့ လုံးဝကူးမရဘဲဖြစ်သွားခဲ့သည်။
မဲဆောက်လိုင်းကားများပိတ်ဆို့ ထားမှုကိုလက်တုံ ပြန်သည့်အနေဖြင့်မြန်မာဘက်ကချစ်ကြည်ရေးတံတားကိုရက်အကန့် အသတ်မရှိပိတ်လိုက်ပါက
မြန်မာဘက်သို့ ကုန်စည်ကူးသန်းနေသည့်ထိုင်းကုန်သည်ကြီးများတွင်နစ်နာမှုဖြစ်သွားနိုင်သည်ဟု
မဲဆောက်မြ၀တီ ကုန်စည်ရောင်းဝယ်နေသောလုပ်ငန်းရှင် ကိုအောင်ထွန်း ကပြောသည်။

မနေ့ ကလည်းမဲဆောက်ရှိ ရာဂျာဘတ် ကောလိပ်ရှေ့တွင် ပျောင်းဖူးတင်ကားများနှင့်တိရစ္ဆာန်အစာတင်ကား ၁၀ ဘီးကားကြီးများပိတ်ဆို့ ဆန္ဒပြကြသေးသည်။

ယခု ဆန္ဒပြမှုကို တခ် ခရိုင်အုပ်ချုပ်ရေးမှုး Komsan Ekchai ကလာရောက်ဖြေရှင်းနေသည်ဟုသိရသော်လည်း ယခုသတင်းရေးနေချိန် နေ့ လည်၂ နာရီအထိ ပိတ်ဆို့ ထားမှုကို ဖွင့်လှစ်ထားခြင်းမရှိသေးသည်ကို တွေ့ ရသည်။

ယခင် က မဲဆောက်မြို့ ထဲရှိဟုန်လုန်ကုန်တိုက်ရှေ့တွင် မြန်မာခရီးသည်တင် ကားများခရီးသည်အကြိုအပို့ အတွက် နေ့ စဉ် စီးရေ ၂၀ထက်မနည်းတွေ့ ရသော်လည်းယနေ့ မတွေ့ ရတော့ချေ။