ကားတိုက်မှုကြောင့် ဇင်ဘာဘွေ ၀န်ကြီးချူပ်ဒဏ်ရာပြင်းထန်စွာရ ဇနီးဖြစ်သူသေဆုံး

၆ မတ် ဟာရာရေး ၊ဇင်ဘာဘွေ

ဖေဖေါ်ဝါရီလ၃ရက်နေ့ က ချန်ဂီရိုင်းနှင့်ဇနီးဖြစ်သူတို့ ကိုမြို့တော်ဟာရာရေးတရားရုံးတွင်တွေ့ ရစဉ်(AP Photo/file)
ဖေဖေါ်ဝါရီလ၃ရက်နေ့ က ချန်ဂီရိုင်းနှင့်ဇနီးဖြစ်သူတို့ ကိုမြို့တော်ဟာရာရေးတရားရုံးတွင်တွေ့ ရစဉ်(AP Photo/file)

ဇင်ဘာဘွေနိုင်ငံဟာရာရေးမြို့ တော်တောင်ဘက်အဝေးပြေးကားလမ်းမတစ်နေရာ
တွင်သောကြာနေ့ က၀န်ကြီးချုပ် မော်ဂန်ချန်ဂီရိုင်း စီးနင်းလိုက်ပါလာသောယာဉ်နှင့် ကုန်တင်ထရပ်ကာတစ်စီးတို့ သည် ဟာရာရေး-မာဗင်ဂို ကားလမ်းမတွင် တိုက်မိသောကြောင့်
မော်ဂန်ချဂီရိုင်းလည်းဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ထားရသည်။သူ၏ဇနီးဖြစ်သူ ဆူဆန်ချန်ဂီရိုင်းမှာမူ နေရာတွင်ပင်ကွယ်လွန်သွားခဲ့သည်ဟုသိရသည်။

ပြီးခဲ့သည့်နှစ်စက်တင်ဘာလက လူ၂၀၀သေဆုံးသောရွေးကောက်ပွဲတွင် သမ္မတ
ရောဘတ်မူဂါဘီနှင့် အကြိတ်အနယ်အငြင်းပွားမှုပြီးနောက် ယခုနှစ်ဖေဖေါ်ဝါရီလတွင်အာဏာခွဲဝေရေးသဘောတူညီချက်ဖြင့် ၀န်ကြီးချုပ်ဖြစ်လာခဲ့သည့်မော်ဂန်ချန်ဂီရိုင်းသည် ဟာရာရေး
မြို့ တောင်ဘက်ရှိ၎င်း၏ဇာတိမြေ ဘူဟီးရားသို့ ဇနီးဖြစ်သူနှင့်အသွားတွင်ယခုကဲ့သို့ ကားတိုက်မှုဖြစ်ပွားရခြင်းဖြစ်သည်ဟု
MDC ပါတီ၏ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက CNNသတင်းဌာနသို့ ပြောသည်။

မော်ဂန်ချန်ဂီရိုင်းနှင့်ဆူဆန်တို့ နှစ်ဦးမှာ ၁၉၇၈ခုနှစ်ကတည်းကလက်ထပ်ခဲ့ခြင်းဖြစ်ပြီးအိမ်
ထောင်သက် နှစ်သုံးဆယ်ရှိကာကလေး၆ယောက်ရှိသည်။ဇနီးဖြစ်သူမှာ နိုင်ငံရေးတွင်တက်ကြွလှုပ်ရှားသူတစ်ယောက်မဟုတ်သော်လည်း ခင်ပွန်းဖြစ်သူ၏အ
ခက်အခဲများကို နှစ်ပေါင်း၃၀ကြံကြံခံရင်ဆိုင်ကာပါရမီဖြည့်ခဲ့သူတစ်ဦးဖြစ်သည်။

BBCသတင်းဌာနနှင့်မော်ဂန်ချန်ဂီရိုင်းဝန်ကြီးချုပ်ဖြစ်ပြီးနောက်အင်တာဗျုးတွင်သူမရင်ဆိုင်ခဲ့
ရသော နှစ်ပေါင်း၃၀ကို“အစမ်းသပ်ခံနှစ်ကာလများကိုကျော်လွှားခြင်း ”ဟူ၍တင်စာခဲ့သည်။

ဝန်ကြီးချုပ်ကားတိုက်ခံရခြင်းနှင့်ပတ်သက်၍ ရောဘတ်မူဂါဘီ၏ လက်ချက်ဖြစ်သည်ဟု
ဇင်ဘာဘွေ နိုင်ငံတွင်သတင်းအမျိုးမျိုးထွက်နေသည်။ရောဘတ်မူဂါဘီကမူ ချန်ဂီရိုင်းကိုဆေးရုံတွင်လာရောက်တွေ့ ဆုံမှုပြုခဲ့သည်။