မီးမလာ၍ ဆယ်တန်း ပေါ့ ကတ် များအရောင်းသွက်

၈ မတ် ရန်ကုန် ၊ညွန့် သက်ထားဦး

ဆယ်တန်း ကျောင်းသားများကပေါ့ ကတ်ဟု လျှို့ ဝှက်ခေါ် ဆိုသည့် စာမေးပွဲခန်းတွင်းခိုးချရာတွင်
သုံးသောအိတ်ဆောင်ပေါ့ကတ်များမှာရန်ကုန်မြို့ တွင်အရောင်းသွက်နေသည်ဟုသတင်းရရှိသည်။
ရန်ကုန်မြို့ တော်ကြီးမှာ အာဏာရအသိုင်းအ၀ိုင်းများနေထိုင်သည့် ဗိုလ်ချုပ်ရွာ အမည်ရှိ ရွှေတောင်ကြား ၂ရပ်ကွက်တွင်ပင်မီးပုံမှန်မလာသဖြင့် ဆယ်တန်းဖြေဆိုမည့်ကျောင်းသားများမှာလည်း စာမေးပွဲအတွက်အခက်တွေ့ နေရသည်ဟု
ဆိုသည်။

ထိုသို့ အခက်တွေ့ နေသောကျောင်းသားများကို တစ်ဖက်တစ်လမ်းမှကူညီသောအနေဖြင့် စာမေးပွဲခန်းတွင်းခိုးချရာတွင်သုံးသည့် အိတ်ဆောင်ပေါ့ကတ်များမှာဘာသာရပ်အလိုက် ရောင်းအားကောင်းနေပြီး အင်္ဂလိပ်နှင့် သိပ္ပံတွဲမှာရောင်းအားအကောင်းဆုံးဖြစ်သည်။

“ပေါ့ ကတ်က အစုံလိုက်ဆို ၅၀၀၀ တစ်ဘာသာချင်းယူရင် ၁၅၀၀ ကျတယ်”လို့ ထိုပေါ့ကတ်ကို
သွားရောက် ၀ယ်ယူ ခဲ့သည့် အထက ၂ ဒဂုံကျောင်းသားတစ်ဦးက Freedom News Groupသို့ 
ပြောသည်။

သူကဆက်၍“မီးမှမလာတာဗျာဘယ်လိုလုပ်စာကျက်လို့ ရမလဲ ဓာတ်တိုင်အောက်မှာသွားကျက်ရင်လည်းရဲက ဗုံးလာထောင်တယ် အောက်မေ့ပြီးဖမ်းအုံးမယ် အကောင်းဆုံးကတော့ဒီတနည်းပဲ ရှိတယ် ဆရာမတွေကို တိုင်က နင်တို့ မီးမလာဘူးဆိုပြီး တစ်နှစ်တော့အချိန်မပုပ်စေနဲ့ ပေါ့ ကတ်သာအားကိုးတော့ စာမေးပွဲခန်းထဲရောက်ရင်ပေါ်တင်ကြီးတော့ မလုပ်နဲ့ ငါတို့ မျက်နှာလွှဲ ပေးထားမယ်ဆိုပြီး အတန်းနောက်ဆုံးနေ့ မှာအဲလိုပြောခဲ့တာဗျု”ဟုပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဟုခေါ်သည့်ဆယ်တန်းစာမေးပွဲအား တနိုင်ငံလုံးတွင်မတ်လ ၁၁
ရက်နေ့ မှ ၂၀ရက်နေ့ ထိ စတင်စစ်ဆေးမေးမြန်းတော့မည်ဖြစ်သည်။