သေတွင်းမှပြန်လည်လွတ်မြောက်လာသောဇင်ဘာဘွေသမ္မတ ကသူ့ ကိုရည်ရွယ်ချက်ရှိရှိလုပ်ကြံ ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်

ရ မတ် ဟာရာရေး ၊ဇင်ဘာဘွေ

မော်ဂန်ချန်ဂီရိုင်းစီးလာသောကားကိုတိမ်းမှောက်အပြီးတွင်တွေ့ ရစဉ် ဓာတ်ပုံ - စီအန်အန်
မော်ဂန်ချန်ဂီရိုင်းစီးလာသောကားကိုတိမ်းမှောက်အပြီးတွင်တွေ့ ရစဉ် ဓာတ်ပုံ -အေအက်(ဖ)ပီ
ရှေ့မှလာမောင်းနှင်လာသောထရပ်ကားကတမင်ဝင်ရောက်တိုက်ခိုက်မှုကြောင့်တိမ်းမှောက်သွားသောမော်ဂန်ချန်ဂီရိုင်း၏ကား
ရှေ့မှလာမောင်းနှင်လာသောထရပ်ကားကတမင်ဝင် ရောက်တိုက်ခိုက်မှုကြောင့်တိမ်းမှောက်သွားသော မော်ဂန်ချန်ဂီရိုင်း၏ကား

မတ်လ၆ရက်နေ့  က ဇင်ဘာဘွေနိုင်ငံမြို့ တော်ဟာရာရေး တောင်ဘက်အဝေးပြေးကားလမ်းမပေါ်
တွင်ယာဉ်တိုက်မှုဖြစ်ပြီးနောက် ဇနီးဖြစ်သူသေဆုံးခဲ့ပြီးသေတွင်းမှပြန်လည်လွတ်
မြောက်လာသော ဇင်ဘာဘွေဝန်ကြီးချုပ် မော်ဂန်ချန်ဂီရိုင်းက ထရပ်ကားမောင်းသမားသည် မိမိကားကိုရည်ရွယ်ချက်ရှိရှိတမင်ဝင်တိုက်ခြင်းဖြစ်ကြောင်းမတော်တဆတိုက်မိခြင်းမဟုတ်
ကြောင်းထုတ်ဖေါ်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ပါတီဖြစ်သော MDC ပါတီကလည်းထိုကိစ္စကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်သကဲ့သို့ အမေရိကန် အစိုးရကလည်းထိုကိစ္စကို အမှုမှန်ဖေါ်ထုတ်နိုင်ရန်တောင်းဆိုထားသည်။

၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်ထိ ဇင်ဘာဘွေနိုင်ငံတွင် အမေရိကန်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ တွမ် မက်ဒေါ်နယ်က ရောဘတ်မူဂါဘီသည် ၎င်းနှင့် နိုင်ငံရေးပြိုင်ဘက်ဖြစ်သူများကိုကားနှင့်တိုက်၍လုပ်ကြံသည့်အစဉ်အလာရှိကြောင်း ၁၉၉၉ခုနှစ်က
အလုပ်သမားရေးရာဝန်ကြီး အဲလိယော့ မာယီကာ နှင့် ၂၀၀၁ခုနှစ်က ကာကွယ်ရေးဝန်ကြီး မူဗန်မာ
ဟာချီတို့ သည်ထိုသို့ ကားတိုက်၍မှုဖြစ်၍သေဆုံးခဲ့ခြင်းဖြစ်သည်ဟုထုတ်ဖေါ်ပြောဆိုခဲ့သည်။