လမ်းဘေး ဒီဗီဒီအခွေ အရောင်းဆိုင်များကို စစ်ဆင်ရေးတစ်ရပ်လုပ်၍ ဖမ်းဆီးနေ သိမ်းဆည်းသွား သည့်အခွေများကို ရဲစခန်းတွင် တစ်ခွေ ၅၀၀ကျပ် ဖြင့်ပြန်လည် ရောင်းချ

၈ မတ် ရန်ကုန် ၊ ညွန့် သက်ထားဦး

ိရန်ကုန်မြို့ ရှိလမ်းဘေးတွင်ရောင်းချသောဒီဗီဒီ အရောင်းဆိုင်များကို မတ်လ၈ရက်နေ့ မှစ၍ရန်ကုန်
တိုင်းဗီဒီယို အခြေခံအဖွဲ့ နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ ပူးပေါင်း၍စီမံချက်တစ်ရပ်အနေဖြင့်
ဖမ်းဆီးနေကြောင်းသိရသည်။

ကျောင်းသားများစာမေးပွဲရှိ၍ဟူသော အကြောင်းပြချက်ဖြင့်ဖမ်းဆီးသော်လည်း မြန်မာစာတမ်းထိုး
နိုင်ငံခြားဗီဒီယိုဇာတ်ကားများကြောင့်မြန်မာဗီဒီယို ဈေးကွက် နစ်နာမှုရှိနေသောကြောင့်ဖမ်း
ဆီးရသည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးမှအမည်မဖေါ်လိုသူတစ်ဦးက Freeodom News Groupသို့ ပြောသည်။

ထိုသို့ ဖမ်းဆီးမှုများသည် မတ်လ ၈ရက်နေ့ မနက်မှစတင်ကာ ကျောက်တံတားမြို့နယ်
၊လသာ၊တာမွေနှင့် ၈မိုင်လမ်းဆုံတို့ တွင်တစ်ပြိုင်နက်ဖမ်းဆီးနေကြောင်းသိရသည်။
“ပစ္စည်းတင်သိမ်းတာမဟုတ်ဘူးလူကိုပါဖမ်းတာ မိရင်ထောင်ချမှာမို့ ကျွန်တော်တို့ ကိုလွန်ရုံးပြီးထွက်ပြေးရတယ်”လို့ သာကေတတွင်နေထိုင် ပြီး မဟာဗန္ဓုလမ်းတွင် လမ်းဘေးဒီဗီဒီ
ဆိုင်ဖွင့်လှစ်ကာရောင်းချနေသူတစ်ဦးကပြောသည်။

ဖမ်းဆီးရေးအဖွဲ့ မှသိမ်းဆည်းသွားသောဒီဗီဒီ နှင့် ဗီစီဒီအခွေများကို ရဲစခန်းများမှ ပြန်လည်ရောင်းချနေပြီး တာမွေရဲစခန်းတွင်မူ တစ်ချပ်ကို၅၀၀ကျပ်နှုန်းဖြင့်ပြန်လည်ရောင်း
ချနေသည်ဟုသိရသည်။ရန်ကုန်မြို့တွင်လျှပ်စစ်မီးများမလာသော်လည်းမြို့ခံလူထုက  ဒီဗီဒီအခွေများကို နှစ်သက်စွာဝယ်ယူကြသည်။“မီးကမလာတော့ တီဗီကလာတဲ့ကိုရီးယားကားလည်း ကြည့်လို့ မရတော့ဘူး လာတဲ့အချိန်မှာ ဒီဗီဒီ လေးကြည့်ပြီးအပန်းဖြေရတာဟု ဆိပ်ကမ်းသာလမ်းတွင် နေထိုင်သော ကျောင်းဆရာတစ်ဦးက
ဆိုသည်။

ဖမ်းဆီးရေးအဖွဲ့ မှဒီဗီဒီ အရောင်းဆိုင်များကိုလိုက် ဖမ်းဆီးနေသော်လည်း နယ်မြေရဲစခန်းတွင်
လိုင်းဝင်ထားသောဆိုင်များမှာ ကြိုတင်သတင်းရထားသောကြောင့် အခွေများကိုသိမ်းဆည်းထားပြီးဆိုင်ကိုပိတ်ထားသသိရသည်။