၈ မတ် ရန်ကုန် ၊တင်ကျော်ကျော်စိုး

ဆယ်တန်းစာမေးပွဲမဖြေရေးသပိတ်ကို တစ်နိုင်ငံလုံးကျောင်းသားတွေ အတူပါဝင်ကြ
မတ်လ၆ရက်နေ့ မော်လမြိုင်ကျောင်းသားများ၏လျှပ်စစ်မီးအခွင့်အရေးတိုက်ပွဲမှာရန်ကုန်
မြို့သို့ ကူးစက်သွားပြီး ရန်ကုန်ရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဟုခေါ်သည့် ဆယ်တန်းစာမေးပွဲဖြေဆိုကြမည့်ကျောင်းသားတချို့ မှာလျှပ်စစ်မီးပုံမှန်မရရှိသဖြင့် စာကျက်ခြင်းမပြုနိုင်ကာ ဆယ်တန်းစာမေးပွဲကိုသပိတ်မှောက်ကြတော့မည်ဟု သတင်းရရှိသည်။
ရန်ကုန်တွင်ဗုံးများပေါက်ကွဲအပြီးတင်းကျပ်သည့်လုံခြုံရေးအနေအထားနှင့် ကျောင်းသားများကိုစုစည်းနိုင်မှုအနေအထားအရ မော်လမြိုင်မြို့မှာကဲ့သို့ အင်အားကောင်းစွာ ဆန္ဒထုတ်ဖော်နိုင်ဖို့ အခြေအနေမပေးသော်ကြောင့် မိမိတို့ သည် ဆယ်တန်းစာမေးပွဲကို သပိတ်မှောက်ရန်မှတပါးအခြားမရှိတော့ပါဟုဒဂုံမြို့သစ်အထက်တန်းကျောင်းတစ်ကျောင်းမှနေ၍
ဆယ်တန်းစာမေးပွဲကိုဝင်ရောက်ဖြေဆိုမည့် အထက်တန်းကျောင်းသား ကိုမောင်မောင်ဦး(နာမည်ရင်းမဟုတ်ပါ)ကFreedom News Group သို့ ပြောသည်။
ရန်ကုန်မြို့တွင်လျှပ်စစ်မီးပျက်ခြင်းမှာစံချိန်တင်ဆိုးရွားနေသောကြောင့် ကျောင်းသားမိဘ နှင့် ဆရာဆရာမများကလည်း ဆယ်တန်းဖြေဆိုမည့်ကျောင်းသားများကို စာမေးပွဲအတွက်တွန်းအားမပေးတော့ကြောင်းသိရသည်။
“မီးကမလာလို့ ကျွန်မတို့ လည်းစိတ်ပျက်သားကလည်းစိတ်လေနေတယ်လေ သူကပြောတယ်
စာမေးပွဲမဖြေတော့ဘူးတဲ့ ကျွန်မလည်းဘာမှပြန်မပြောတော့ဘူးလို့ ”သမိုင်းမှဆယ်
တန်းကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူကပြောသည်။
မီးမလာသောကြောင့် ကျောင်းသားအများစုမှာလည်းဂိမ်းဆိုင်နှင့် အင်တာနက်ချတ်များတွင်
အချိန်ဖြုံးခြင်းတို့ ဖြင့်သာ ညများစွာကိုကုန်လွန်ကြရသည်။
ကိုမောင်မောင်ဦး က “ကျွန်တော်တို့ စာမေးပွဲမဖြေဖို့ ကိုလိုက်စည်းရုံးနေကြ
ပါတယ်။မနက်ဖြန်မှာကျယ်ကျယ်ပြန့် ပြန့် လုပ်မယ်။ဒါနိုင်ငံရေးမဟုတ်ဘူးလေ မီးမလာလို့  စာမကျက်နိုင် အဲဒီတော့စာမေးပွဲမဖြေဘူးပေါ့ ”ဟု ပြောသည်။
၁၉၅၆ ခုနှစ်တွင် မတ်လတွင် သတ္တမတန်း အစိုးရစစ်စာမေးပွဲ မေးခွန်းပေါက်ကြားမှုကြောင့်
တစ်တိုင်းပြည်လုံးကျောင်းသားများအုံကြွရာတွင် အစိုးရက ပစ်ခတ်နှိမ်နှင်းသောကြောင့် စိန့် ပေါလ်ကျောင်းသား ဟယ်ရီတန် သေဆုံးရမှုဖြစ်ပွားခဲ့သည်။
