၉ မတ် ရန်ကုန် ၊တင်ကျော်ကျော်စိုး

မယက၊ရယက မြို့နယ်ရဲတပ်ဖွဲ့ နှင့် မီးသတ်စွမ်းအားရှင်တို့ ပူးပေါင်းထားသောအဖွဲ့ သည် ယနေ့ 
ည ၈ နာရီမှစ၍ ရန်ကုန်မြို့တွင်းညဘက်ရောင်းချနေသော လက်ဘက်ရည်ဆိုင်များ၊ထမင်းကြော်
ဆိုင်များနှင့် ဂိမ်းဆိုင်များကို ညနေ ၇ နာရီနောက်ဆုံးထား၍ပိတ်သိမ်းပေးရန် ညွှန်ကြားထားပြီး
ဆိုင်များကိုလိုက်လံစစ်ဆေးနေသည်ဟုသတင်းရရှိသည်။
ပန်းဆိုးတန်း လမ်းတွင် ညလုံးပေါက်ထမင်းကြော် နှင့် လဘက်ရည်ရောင်းချနေသောဆိုင်ပိုင်ရှင်တစ်ဦးက “အခုလေးတင်(ည ရး၀၀ ခန့် )က သူတို့ လာပြီးအကြောင်းကြားသွားတာ ၇း၀၀ နာရီ ဆိုဆိုင်ပိတ်ရမယ်တဲ့ ဆယ်တန်းစာမေးပွဲရှိလို့ တဲ့ ပြီးမှမပိတ်တဲ့ဆိုင်ကို အရေးယူမယ်တဲ့ စာမေးပွဲပြီးမှပြန်ဖွင့်ရမယ်တဲ့ ကျွန်မတို့ က
ရဲကိုလိုင်းကြေးတစ်လတစ်ငါးသောင်းပေးထားရတာ အခု ၁၀ ရက်ကျော်လောက်ဆိုင်
ပိတ်ရမယ်ဆိုတော့ ဘယ်လိုသွားကိုက်တော့မလဲဟု”ပြောသည်။
မီးပျက်သောကြောင့်ဆယ်တန်းကျောင်းသားများမှာ ညဘက်တွင် လက်ဖက်ရည်ဆိုင်များဉ်အ
ချိန်ဖြုံးတတ်သည်။စစ်အစိုးရက ဆယ်တန်းကျောင်းသားများ လူစုမှကြောက်၍ယခုကဲ့သို့ ဆိုင်
များပိတ်ခိုင်းခြင်းဖြစ်သည်။ယခုအခါတွင် ရပ်ကွက်တွင်းရှိ ကြံ့ဖွတ်များက ဆယ်တန်းကျောင်း
သားများကိုမျက်စေ့ဒေါက်ထောက် စောင့်ကြည့်နေသည်။
မနေ့ ညက သင်္ဃန်းကျွန်း EPC ကိုလည်း ဆယ်တန်းကျောင်းသားများစုရုံး၍မီးပေးဖို့ တောင်းဆို
ခဲ့သေးသည်။မြို့ နယ်အာဏာပိုင်များက လက်ဘက်ရည်ဆိုင် ဘောပွဲပြရုံနှင့် ထမင်းကြော်ဆိုင်
များသာမက အရက်သေစာနှင့်စားသောက်ဖွယ်ရာများရောင်းချသော ၁၉ လမ်းရှိစားသောက်ဆိုင်များကိုလည်းပိတ်ခိုင်းသည်ဟုသတင်းရရှိသည်။
