ကလန်သံဗျင်
“တော်ပြီကွာအယ်ဒီတာတွေမခန့် တော့ဘူး အလကားပိုက်ဆံကုန်တယ်။စာပေစိစစ်ရေး က ဒေါ်အေးသန်း ကိုပဲဖြစ်ဖြစ်ဒေါ်ခင်မျိုးသန့် ကိုပဲဖြစ်ဖြစ်ဗိုလ်မှုးတင့်ဆွေကို ဖြစ်ဖြစ်အယ်ဒီတာနေရာမှာ တပ်ပေးထားလိုက်တော့မယ်ဆိုတဲ့ ပတ်ဘလစ်ရှာ(ထုတ်ဝေသူ)တွေပေါ်လာမှ”
စာပေစိစစ်ရေးရုံးလို့လူသိများတဲ့ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ခံစာပေစိစစ်ရေးနှင့်
မှတ်ပုံတင်ရုံးက ဇွန်လကစပြီး ဂျာနယ်နဲ့ မဂ္ဂဇင်းတွေ စိစစ်ရေးတင်ရင်အရင်လို ထုတ်ဝေဖြန်ချိမယ့်
ဂျာနယ်ပုံစံအတိုင်း ၅စုံမိတ္တူ ကူးပြီးတင်စရာမလိုတော့ဘူး မက်မိုရီစတစ် ဒါမှမဟုတ် စီဒီနဲ့ ဖြစ်
ဖြစ်တင်ပြလို့ရတယ်ဆိုတော့တော်တော်ပျော်သွားတယ်။
ဟုတ်တယ်လေ။ကလန်သံဗျင် တို့ ဂျာနယ်ဆိုစာဖောင်များတော့ တစ်ပတ်တစ်ပတ်မိတ္တူကူးရတဲ့
ဖိုးကမနည်းဘူးလေ၊အခုဆိုမီးပျက်တော့မီးစက်နဲ့ ကူးရင် တစ်မျက်နှာကို ၅၀ လောက်ပေးရတာ။
စိစစ်ရေးကအခုလိုမူပြောင်းလိုက်တော့ အင်း………မိတ္တူကူးခဖိုးတွေ အကြမ်းထုတ်ခဖိုး
တွေသက်သာသွားပြီလေ၊ကလန်သံဗျင်တို့ လို စာနယ်ဇင်းဆရာတွေစိစစ်ရေးရုံးကို စာရွက်တွေတထပ်ကြီးကိုင်ပြီးသွားစရာမလိုတော့လို့ ၊
အို…………….ဗျာကျေးဇူးကြီးလှပါသောစာပေစိစစ်ရေးလို့ ထင်လိမ့်မယ်။အမှန်တော့ အဲလိုမဟုတ်ဘူးဗျ………..ကျွန်တော်ရဲ့ အယ်ဒီတာစားပွဲကို သူတို့ ဝင်ထိုင်လိုက်တာလေ။
စိစစ်ရေးမှုးတွေကအရင်လို မှင်နီတားရုံ၊ကြက်ခြေခတ်ရုံတင်မဟုတ်တော့ဘူး။ဘယ်ဟာဖြုတ်ပါ
ဘယ်ဟာထည့်ပါဆိုတဲ့မှတ်ချက်တင်မဟုတ်တော့ဘူးလေ။သူတို့ က တစ်ပဲခြောက်ပြားအယ်ဒီတာ
လစာလေးရနေတဲ့ ကလန်သံဗျင်နေရာကိုပါဝင်ယူလိုက်ကြတာ။အဲ……….ဒဲ့ပြော
ရရင်တော့ကလန်သံဗျင်ရဲ့ခုံကိုဝင်ထိုင်လိုက်ကြတာပေါ့။
စာပေစိစစ်ရေးရုံးက အရင်လိုဘယ်ဟာဖြုတ်၊ဘယ်ဟာထည့်ဆိုတဲ့ အနေအထားကို ပိုချဲ့ယူလာတာ
လေ ဂျာနယ်ဖောမက် မူရင်းကသူတို့ဆီမှဆို တော့ မျက်နှာဖုံးမှာဘာထည့် ဗိုလ်ချုပ်မှုးကြီးပုံကိုဘယ်
လိုထား၊ သတင်းခေါင်းစဉ်ကိုဘယ်လိုရေးစသည်ဖြင့် သူတို့ စိတ်ကြိုက်ပြင်ဆင်ပြီးမှာ (အယ်ဒီတာအာဘော်တောင်ဝင်ရေးချင်ရေးနေဦးမှာ)ကလန်သံဗျင်တို့ ဆီပြန်ရောက်မှာလေ။
ကလန်သံဗျင် အလုပ်ရှုပ်တော့သက်သာသွားတာပေါ့။ဒါပေမယ့် ………..စိုးရိမ်တယ်ဗျာ..
မြန်မာစာပေရဲ့ အနာဂတ်….စာပေစိစစ်ရေးက တည်းဖြတ်တာ မဆိုးဘူး…..တော်ပြီကွာအယ်ဒီတာ
တွေမခန့် တော့ဘူး အလကားပိုက်ဆံကုန်တယ်။စာပေစိစစ်ရေး က ဒေါ်အေးသန်း ကိုပဲဖြစ်ဖြစ်ဒေါ်ခင်မျိုးသန့် ကိုပဲဖြစ်ဖြစ်
ဗိုလ်မှုးတင့်ဆွေကို ဖြစ်ဖြစ်အယ်ဒီတာနေရာမှာ တပ်ပေးထားလိုက်တော့မယ်ဆိုတဲ့ ပတ်ဘလစ်ရှာ(ထုတ်ဝေသူ)တွေပေါ်လာမှ ကလန်သံဗျင် တို့လဲ ငါ့ ဒိန်ခဲကိုဘယ်သူရွှေ့ယူသွား
တာလဲ ဆိုသလို ငါ့အယ်ဒီတာထိုင်ခုံကို ဘယ်သူရွှေယူသွားတာလဲ ဆိုတဲ့အဖြစ်မျိုးဆိုက်နေမှာ
မြင်ယောင်ပါသေးတယ်။
ဒီတစ်ပတ်တော့ဒီမျှပဲနော်
ကလန်သံဗျင်
