၉ မတ် ရန်ကုန် FNG
ပညာရေးဝန်ကြီးက ဆယ်တန်းစာမေးပွဲအတွက်အရေးပေါ်အစည်းအဝေးကိုယနေ့ အစည ရုံးတွင်ကျင်းပ
ဆယ်တန်းစာမေးပွဲဖြေဆိုကြမည့်ကျောင်းသားများအနေဖြင့် မတ်လ၁၁ရက်နေ့ တွင်ကျင်းပမည့်
ဆယ်တန်းစာမေးပွဲ အားစိတ်အားထက်သန်စွာဖြင့်ဖြေဆိုကြရန် မြို့ နယ် ရ၀တ ရုံးများမှ
အသံချက်စက်ဖြင့်မတ်လ၈ရက်နေ့ ညကတည်းကလိုက်လံကြေညာနေသည်ဟုသိရသည်။
မြောက်ဥက္ကလာ ဌ ရပ်ကွက်ရှိ ရ၀တ ရုံးကမူ ကျောင်းသားများဆယ်တန်းစာမေးပွဲဖြေ
ဆိုကြရန်နှင့် အိမ်တွင်မီးမလာပါကရ၀တရုံးတွင်စာလာကျက်နိုင်ကြောင်းကြေ
ငြာသွားသည်ဟုဌ ရပ်ကွက်နေတစ်ဦးက Freedom News Group ပြောသည်။
ဆယ်တန်းစာမေးပွဲနှင့် ပတ်သက်၍ရန်ကုန်မြို့တွင်လှုပ်လှုပ်ရှားရှားဖြစ်နေပြီး အမည်မဖေါ်လိုသော အထက ၁ ဒဂုံ မှဆရာမတစ်ဦးကလည်း “၀န်ကြီး(ပညာရေးဝန်ကြီးဒေါက်
တာချမ်းငြိမ်းကိုပြောခြင်းဖြစ်သည်)ရုံး ကတော့ဖြေတဲ့လူတွေအကုန်အအောင်ပေးမယ်
လို့ သတင်းထွက်လာတယ်”ဟုပြောသည်။
ယခုနှစ် တစ်နိုင်ငံလုံးတွင် အထက်တန်းစာမေးပွဲဖြေဆိုကြမည့်ကျောင်းသားများအနက် ရန်ကုန်မြို့ရှိကျောင်းသားများမှာ လျှပ်စစ်မီးမလာသောကြောင့် စာမေးပွဲကိုသပိတ်မှောက်ရန် စိတ်အားထက်သန်လျှက်ရှိသည်။
ဒဂုံမြို့ သစ် ၄၆ရုံးကလည်းစာလာကျက်ရန် လော်စပီကာဖြင့်နှိုးဆော်သော်လည်းမည်သည့်
ကျောင်းသားမှစာသွားကျက်သည်ကို မတွေ့ ရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦး
ကဆိုသည်။
