၁၁ မတ် ရန်ကုန် ၊ ယူကွန်

ရန်ကုန်မြို့ တွင်မီးမလာသည့်အတွက် ရေတင်၍လုံးဝမရဖြစ်နေသည်မှာ တစ်လခန့် ကြာမြင့်နေပြီ ဖြစ်သော်လည်း ထိုကိစ္စအတွက်လမ်းသူလမ်းသားများမှာကိုယ့်အားကိုယ် ကိုး၍ပင်ဖြေရှင်း နေရသည်။ ရန်ကုန်မြို့လယ်တွင်မူ ရေတင်၍မရပါက ရပ်ကွက်များကဲ့သို့ ရေစည်လှည်းနှင့်ရေထမ်းသမားခေါ် ၍မရသောကြောင့် ရေသန့်ဗူးမှရေကိုပင်ချိုးရေ အဖြစ် သုံးစွဲနေကြရသည်။မြို့ထဲ ရှိအချို့အိမ်များက မူရေသည်ဗောက်ဆာကားကြီးများခေါ်ယူ၍ ဖြည့်ကြရာထို ကားများမှာတစ်စီးလျှင် တစ်သောင်းမှ နှစ်သောင်းထိအကွာအဝေးပေါ်မူတည်၍ပေးရသည်။ ရပ်ကွက်များတွင်မူ ရေတစ်ထမ်းလျှင် ၁၀၀ ကျပ် ရေတစ်စည်လျှင် ၅၀၀ ကျပ်စသည်ဖြင့် ရပ်ကွက် တွင်းရေတွင်းရေကန် အနည်းအများကိုမူတည်၍ဈေးနှုန်းကွာဟသည်။မြို့ထဲ ၂၅ လမ်းတွင်နေသူ တစ်ဦးက“ ကျွန်မတို့လမ်းထဲမှာဈေးရှိတော့ ရေသယ် ကားတွေ ၀င်လို့ မရဘူးလေ ရေသန့်ဗူးကြီး တွေပဲတစ်လုံး၅၀၀ နဲ့ ၀ယ်ချိုးရတယ်”ဟုပြောသည်။ လျှပ်စစ်ဓာတ်အားပေးဌာနမှ ၀န်ထမ်းများသည်လည်း ပြည်သူများကညိုညင်မည်ကို စိုးသော ကြောင့်ယူနီဖောင်း ၀တ်ဖြင့်ပင်လမ်းမလျှောက်ရဲဟုသိရသည်။
