


ဒါရိုက်တာ ကင်ဆွန်းဟွန်း ရိုက်ကူးသော ဇာတ်ကားဖြစ်ပြီး ယခုလ ၁၉ ရက်နေ့ တွင်ကိုးရီးယား
တစ်နိုင်ငံလုံးတွင်ပြသမည်ဖြစ်သည်။မြန်မာ ပရိသတ်နှင့်ရင်းနှီးပြီးသောနာမည်ကျော်ကိုရီးယား
သရုပ်ဆောင်များဖြစ်သည့် မင်းသမီး ချိုဂျေဟူး၊ဂျုဆီဟောင်းနှင့် မင်းသား အိုဆန်ဆွန်းနှင့် မွန်
ဆွန်းဂူတို့ ပါဝင်သည်။
၂၀၀ရခုနှစ်က ကိုရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပြန်ပေးဆွဲမှုတစ်ခုကို အခြေခံပြီးရိုက်ကူးထားခြင်းဖြစ်သည်။ စားသောက်ဆိုင်တစ်ခုတွင် အသက်၆၀ အရွယ်အဖိုးကြီးတစ်ယောက်နှင့် တွေ့ ဆုံခဲ့သော ဟွန်းအ မှာပြန်ပေးဆွဲခံရပြီးနောက်သူ၏ လက်ခုပ်ထဲက ရေဖြစ်ခဲ့သည်။ ပြန်ပေးဆွဲထားသောလူကြီးက သူမကို အမျိုးမျိုးနှိပ်စက်ပြီး နောက် အမဖြစ်သူ ဟွန်ဂျန်း နှင့် ရဲအရာရှိ ကင်တို့ကသူ့ ကို ကယ်တင် သောဇာတ်လမ်းဖြစ်သည်။
မင်းသမီး အယ်လီရှာ ကတ်ဘတ်(The Quiet)ပါဝင်သော ဟောလီဝုဒ်ဇာတ်ကား Capitivity နှင့်ဆင်တူသည်။
ရုပ်ရှင် ဇာတ်ကားသစ် များ၊သီချင်းသစ်များကို အပတ်စဉ် တနင်္လာနေ့ တိုင်း Top Bar ရှိ ရုပ်ရှင်နှင့် ဖျော်ဖြေရေး ကဏ္ဍ တွင်ကြည့်ရှု နိုင်ပါသည်။
