အ၀ါရောင် တားမြစ်ဆေးအသုံးပြုထားသော အရံသင့်လက်ဖက်လုပ်ငန်း ၄၃ ခုကို အစိုးရကဓါတုဆေးဝါးများ သုံးစွဲထားကြောင်းသတင်းထုတ်ပြန် နာမည်ကျော် အရီးတောင်း လက်ဖက်လည်းပါဝင်

၁၂ မတ် ရန်ကုန် ၊ ဟိန်းမင်း

ယနေ့ သတင်းစာများတွင်ဖေါ်ပြထားသော အ၀ါရောင်ဆိုးဆေးအသုံးပြုထားသည့်လက်ဖက်ထုတ်လုပ်သူများစာရင်း
ယနေ့ သတင်းစာများတွင် ဖေါ်ပြထားသော အ၀ါရောင်ဆိုး ဆေးအသုံးပြုထား သည့်လက်ဖက် ထုတ်လုပ်သူများ စာရင်း
စာရင်း ၂
စာရင်း ၂
မြန်မာမှုတွင် မပါလျှင်မဖြစ်သည့် လက်ဖက်
မြန်မာမှုတွင် မပါလျှင်မဖြစ်သည့် လက်ဖက်

နာမည်ကျော်အရီးတောင်း နှင့်ပင်ပျိုရွက်နု လက်ဖက်လုပ်ငန်းများအပါအ၀င် လက်ဖက်လုပ်ငန်း
၄၃ ခုအား ၎င်းတို့ထုတ်လုပ်သောလက်ဖက် များတွင် စားသုံးသူကို ဘေးဥပါဒ်ဖြစ်စေသော Auramine O ခေါ်အ၀ါရောင်ဆိုးဆေးများသုံးထားသောကြောင့် စားသုံးရန်မသင့်ကြောင်း သတိ
ပေး နှိုးဆော်ချက်များကို ယနေ့ ထုတ် အစိုးရအာဘော်ကြေးမုံ နှင့် မြန့်မာ့အလင်းသတင်းစာများတွင်ဖေါ်ပြထားသည်။

Auramine Oအမည်ရှိအ၀ါရောင်ဆိုးဆေးမှာချည်ထည်၊သိုးမွေး၊ပိုးထည်၊စက္ကူ၊သားရေစသည့်
ပစ္စည်းများအရောင်တင် ရာတွင် အသုံးပြုသော ဆိုးဆေးဖြစ်ပြီး လတ်တလောလူကို အန္တရယ် မပြုနိုင်သော် လည်း ကာလကြာရှည်လာသည့် အခါ အသည်း၊ကျောက်ကပ်၊ကင်ဆာ နှင့် ခန္တာကိုယ်ကြီးထွားမှုတို့ကိုထိခိုက်စေနိုင်ကြောင်း ဖေါ်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာန ၏ စားသုံးရန် မသင့်သောလက်ဖက်စာရင်းတွင် နာမည်ကျော် ပင်ပျို
ရွက်နု နှင့်ကာလကြာရှည် စွာ မြန်မာလူမျိုးတို့ ကြိုက်နှစ်သက်ခဲ့သည့် အရီးတောင်း ကုမ္ပဏီတို့လည်းပါသင်သည်။

ယနေ့ ထုတ် 7 Days News သတင်းဂျာနယ်တွင် လည်း လမ်းဘေးအစားအစာတစ်ချို့တွင်  ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်စေနိုင်သော E.Coli အမည်ရှိ ဘက်တီးရီးယားပိုးများ ပါဝင်ကြောင်းအောက်မြန်မာပြည်ဆေးသုတေသန ၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ဖေါ်ပြထားသည်။အသုတ်၊ဟမ်ဘာဂါ နှင့် နွားနို့ တို့မှာ ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်စေနိုင်သည် ဟု ဆိုသည်။

အစိုးရက ထိုသို့ စားသောက်ကုန်များကို အများသူငါ စားသုံးရန်မသင့်ကြောင်းကြေငြာသော်လည်း
သက်ဆိုင်ရာ ဌာနသို့ လုပ်ငန်းရှင်များက တံစိုးလက်ဆောင်များ ပေးလိုက်သည့် အခါစားသုံးရန်သင့် သွားသဖြင့် အစိုးရ ထိုသို့ သတင်းထုတ်ပြန်သောလည်း စားသုံးသူများ က
ဂရုစိုက် လိုက်နာမှုမရှိကြောင်း ရန်ကုန်ညောင်ပင်လေးဈေးမှစားသောက်ကုန်ရောင်းချသူတစ်
ဦးက Freedom News Group သို့ ပြောသည်။