နာဂစ်ဆိုင်ကလုံးဒဏ်ခံရသည့်ဒေသများတွင် နော်ဝေက အိမ်အလုံးပေါင်း ၆၀၀၀ ဆောက်လုပ်မည့် စီမံချက် စစ်အစိုးရနှင့်နီးစပ်သူများသာ ကန်ထရိုက်ရ

နာဂစ်ဒဏ်ခံလပွတ္တာ မှမိသားစု ကိုတွေ့ရစဉ်
နာဂစ်ဒဏ်ခံလပွတ္တာ မှမိသားစု ကိုတွေ့ရစဉ်

၁၃ မတ် ရန်ကုန် ၊တင်ကျော်ကျော်စိုး
နာဂစ်ဆိုင်ကလုံးဒဏ်ခံရသည့်ဒေသများတွင်နော်ဝေအစိုးရလူသားချင်းစာနာထောက်ထားမှုအ
ကူအညီအရ အိမ်အလုံးပေါင်း ၆၀၀၀ ဆောက်လုပ်မည့် စီမံချက် စစ်အစိုးရနှင့်နီးစပ်သူများသာ ကန်ထရိုက်ရသည် ဟုရန်ကုန်မြို့ရှိနာမည်ကျော်ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှ
မန်နေဂျာတစ်ဦးက Freedom News Groupသို့ ပြောသည်။

နော်ဝေက လပွတ္တာဒေသတွင် တည်ဆောက်မည့် ထိုစီမံကိန်းတွင် ကနဦးအိမ်အလုံး ပေါင်း၃၀၀
နှင့် အထက်တန်းကျောင်း ၁၀ကျောင်းကိုတည်ဆောက်ပြီးဖြစ်သည်။ နော်ဝေ၏ အိမ်အလုံးပေါင်း၆၀၀၀ စီမံကိန်းအတွက်အဓိက ကန်ထရိုက်ရသည့် ကုမ္ပဏီမှာ ဧဒင်ဆောက်လုပ်ရေးနှင့် အေးရှားဝေါလ် နှင့် ယုဇန ကုမ္ပဏီတို့ကသာ ကန်ထရိုက်လုပ်ငန်းအများစုကို ရရှိသွားကြောင်းသတင်းရရှိသည်။

ယခင်နှစ်မေလ၂ရက် နှင့် ၃ ရက်များတွင်တိုက်ခတ်သောနာဂစ် ဆိုင်ကလုံးမုန်တိုင်းဒဏ်ကြောင့်
အိမ်ခြေအလုံးပေါင်း ရှစ်သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့သည်။ဇန်န၀ါရီလက နော်ဝေ ၀န်ကြီးတစ်ဦး
မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ပြီးနောက် ထိုကဲ့သို့ ထပ်မံအကူအညီပေးရေးအစီအစဉ်များကို
နော်ဝေ အစိုးရက စီစဉ်ခဲ့ခြင်းဖြစ်သည်။

နာဂစ်ဒဏ်ခံရသည့် အချို့ဒေသများတွင် နိုင်ငံတကာအကူအညီကယ်ဆယ်ရေးအဖွဲ့များယခုထိမ
ရောက်သေးသည့် နေရာများကို  ကုန်သည်နှင့်စက်မှုလုပ်ငန်းရှင်များအသင်းက တန်ဖိုးနည်းအိမ်ရာ
များဆောက်ပေးနေရသည်ဟု သိရသည်။

လပွတ္တာ ဘီဒူးဘက်တွင် ယုဇန ဆောက်လုပ်ရေး ကုမ္ပဏီမှ ဆောက်လုပ် ခဲ့သည့် အိမ်ရာအချို့မှာ
ခိုင်မာကြံခိုင်မှုနည်းသဖြင့် မုန်တိုင်းဒဏ်ခံနိုင်ရန်မဖြစ်နိုင်ကြောင်း ထိုဒေသတွင်အခြေစိုက်သည့် NGO တစ်ခုမှ အရာရှိတစ်ဦး က နိုင်ငံခြားသတင်းထောက် တစ်ဦးနှင့်တွေ့ ဆုံစဉ်ကပြောဆိုခဲ့သည်။