ကနေဒါ ရှိ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော် ၏ ခြောက်နိုင်ငံလှည့်လည် အပူဇော်ခံခရီးစဉ်တွင် မြန်မာ နိုင်ငံလည်းပါဝင်

မြန်မာနိုင်ငံ သို့လှည့်လည် အပူဇော်ခံမည့် ကမ္ဘာ့ အကြီးဆုံးကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်ကြီး
မြန်မာနိုင်ငံ သို့လှည့်လည် အပူဇော်ခံမည့် ကမ္ဘာ့ အကြီးဆုံးကျောက်စိမ်းဗုဒ္ဓရုပ် ပွားတော်ကြီး

ဥာဏ်တော်အမြင့် ၃.၅ မီတာ အရှည်ရှိ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်၏ နိုင်ငံတကာလှည့်လည် အပူဇော်ခံ ခရီးစဉ်တွင် ဗီယက်နမ်၊ထိုင်ဝမ်၊အင်ဒိုနီးရှား၊
နယူးဇီလန်၊အမေရိကန် ခရီးစဉ်တွင် မြန်မာနိုင်ငံလည်းပါဝင်သည်ဟု ဗီယက်နမ်
သတင်းဝဘ်ဆိုတ်တစ်ခုဖြစ်သော VOV News တွင် ဖေါ်ပြထားသည်။

တရုတ်ပြည်ရှိ ဗုဒ္ဓမြတ် စွယ်တော်မြန်မာပြည်သို့ လှည့်လည်အပူဇော်ခံစဉ်က ပထမ အကြိမ်တွင် ဗိုလ်ချုပ်တင်ဦး လုပ်ကြံခံရပြီး ဒုတိယ အကြိမ်တွင် စွယ်တော် မင်္ဂလာဒုံ လေဆိပ်
ဆိုက်ရောက်စဉ် မှာ နိုင်ငံအနှံ့ အုံကြွ ခဲ့သော
ကျောင်းသားလှုပ်ရှားမှုပေါ်ပေါက်ခဲ့သည်။

ဝင်ရိုးစွန်း၏ ဂုဏ်ဒြပ်အမည်ရှိ ထိုဆင်းတုတော်မှာ ကနေဒါနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်က တူးဖေါ်ရရှိခဲ့သည့်ဂျေးဒိုက် နှင့် နက်ဖရိုက် အမျိုးအစားကျောက်ဖြင့်ထုလုပ်ထားခြင်း
ဖြစ်သည်။ဆင်းတုတော်၏ ဘွဲ့တော်မှာမူ ကမ္ဘာ့ငြိမ်းချမ်းရေး ကျောက်စိမ်းရုပ်ပွား တော်The Jade Buddha for Universal Peaceဟုအမည်ရသည်။

ကျောက်စိမ်းဆင်းတုတော်ကို အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ မဟာဗောဓိစေတီရှိ ဗုဒ္ဓမြတ်စွာ ပုံတော်အ
တိုင်းထုလုပ်ကိုးကွယ်ထားခြင်းဖြစ်သည်။ ကျော်စိမ်းရုပ်ပွားတော်ကြီးမှာ မတ်လ ၂၁ ရက်နေ့ မှ
မေလ ၁၀ ရက်နေ့ အထိ ဗီယက်နမ်နိုင်ငံတ၀ှမ်းတွင် လှည့်လည် အပူဇော်ခံမည်ဖြစ်သည်။