၁၅ မတ် လာဟို ပါကစ္စတန် ၊ အေအက်(ဖ)ပီ သတင်း

Updated 12:30 pm (BST)၊ ၊နာဝပ်ရှရစ် ကို နေအိမ် အကျယ်ချုပ် ဖြင့်ထိန်းသိမ်းထားသည်
ဆိုသောကြောင့်ဒေါသ ထွက်နေသော ပြည်သူလူထု သည် လမ်းပေါ်ထွက် ၍ဆန္ဒပြရာမှ ရဲများနှင့် အဓိက ရုဏ်းဖြစ် ပြီး ရဲတို့က ပစ်ခတ်သောကြောင့် ဒဏ်ရာရမှုများ ရှိသည်။(အေပီ)
Updated 7:30 pm(BST) ၊ ၊ ပါကစ္စတန် တွင် ဆန္ဒပြသူ များကို ရဲ ကမျက်ရည် ယိုဗုံး သုံး၍ နှိမ်နှင်း အုံကြွမှုများတစ်နိုင်လံသုံးသို့ ပျံနှံ လာဟို နှင့် အစ္စမ်လမ်မာဘတ်တွင် အဆိုးဆုံးဖြစ်



ယခင်ဝန်ကြီး ချုပ်ဟောင်း နှင့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် နာဝပ်ရှာရစ် ကို ရဲတို့ က ယနေ့ အာရုဏ်တက် အချိန်တွင် ၎င်းနေ ထိုင်ရာ ပါကစ္စတန် နိုင်ငံ လာဟို မြို့ရှိနေ အိမ်တွင် အကျယ်
ဖမ်းဆီးထိန်းသိမ်းထားသည် ဟု အေအက်(ဖ)ပီ သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။
ထိုသို့ ဖမ်းဆီး ထိန်းသိမ်းထားခြင်းသည် ယနေ့ ၎င်း၏နေ အိမ်ရှေ့ဉ် ကျင်းပမည့် သူ့ အားထောက်ခံ
သူများအား တရားဟောပြောပွဲ မတိုင်ခင်ဖမ်း ဆီးထိန်းသိမ်း လိုက်ခြင်းဖြစ်သည်။ ပါကစ္စတန်တွင် ဖြစ်ပွားနေသော ရှေ့နေ များ၏ ဆန္ဒပြပွဲတွင် နှင့် တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် လှုံဆော်သည်
ဟူသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းဖြစ်သည်။
တနင်္ဂနွေနေ့  မနက်အာရုံတက် မတိုင်ခင် နိုင်ငံရေးလှုပ်ရှားသူ ၂၀၀ ခန့် ကို နိုင်ငံတ၀ှမ်းတွင်တပြိုင်
နက်ဖမ်းဆီးပြီး ရှေ့နေ လှုပ်ရှားမှု၏ ခေါင်းဆောင် အိုင်ဇက် အာဇန်ကို ပါ နေအိမ် အကျယ်ချုပ်ချ
ထားသည်ဟု ရ၀ါပင်ဒီမှလာသောရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။
ယနေ့ မနက် လာဟိုတွင် ပြုလုပ်မည့် အစိုးရ ဆန့် ကျင် ရေးလမ်းလျှေက် ဆန္ဒပြပွဲကို လည်း ရဲနှင့်
ပြည်သူ့ စစ်များက အတားအဆီးများချကာ အင်အားသုံးပြီးတားဆီး ပိတ်ဆို့ ထားသည်။အမေရိကန် သမ္မတ အိမ်ဖြုတော် ကမူ နာဝပ်ရှရစ် အားပြန်လွှတ်ပေး ရန်တောင်းဆို ထားပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကမူ လုပ်ကြံခံရသူ ဘနာဇီယာ ဘူတို ၏ခင် ပွန်းဟောင်း
လက်ရှိ သမ္မတ ဇာဒါရီ နှင့် ရှရစ်(ဖ်) တို့ နှစ်ဦးတွေ့ ဆုံ ဆွေးနွေး ၍ လက်ရှိဖြစ်နေသော နိုင်ငံရေးပြဿ နာများကို အဖြေရှာရန် တိုက်တွန်းထားသည်။
ပါကစ္စတန် တွင် အစိုးရ ဆန့် ကျင်ရေး ဆန္ဒပြသူများ အား ကြာသပတေးနေ့ ကတည်းက ဖမ်းဆီးထိန်း သိမ်းခဲ့ သည်မှာ အယောက် ၄၀၀ ကျော်သွားပြီ ဖြစ်သည်။န၀ပ် ရှရစ် ၏ အကိုဖြစ်သူရှဘက် ရှရစ် ကို လည်းရဲတို့ က တနင်္ဂနွေ နေ့ မနက်တွင်ပင်
ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
န၀ပ်ရှရစ်(ဖ်)ကို ထောက်ခံသူ ထောင်ပေါင်းများစွာ က ရှစ်ရစ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့်သ
တင်းကြောင့် သူနေထိုင်ရာ အိမ်အနားသို့ ချီတက်လာ ရာ စစ်တပ် က သင်္ဘေ ကွန်တိန်နာ များ
ဖြင့် လမ်းများကို ပိတ်ဆို့ ထားသည် ဒေသခံ လာဟို သတင်းစာတစ်ခု တွင် ဖေါ်ပြထားသည်။
သမ္မတ အိမ်တော်ကို လည်းဆန္ဒပြသူ များ မ၀င် နိုင်အောင် ကွန်တိန်နာများဖြင့် ပိတ်ဆို့ ထား
သည်။
န၀ပ်ရှရစ် မှာ ၁၉၉၉ ခုနှစ် အောက်တိုဘာလက စစ်ဦးစီးချုပ် မူရှရက် ကအာဏာသိမ်းပြီး ရာ
ထူးမှဖယ်ရှားခြင်းခံရကာ နောက်ပိုင်း ဆော်ဒီအာရေးဘီးယားတွင် နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့ပြီး
၂၀၀၇ စက်တင်ဘာလ တွင် နိုင်ငံသို့ ပြန်လည် ရောက်ရှိလာကာ နိုင်ငံရေးလှုပ်ရှားမှုများတွင်
ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။
သူ၏ပါတီမှာ ပါကစ္စတန် မူဆလင် အဖွဲ့ ချုပ်ဖြစ်သည်။
