ရုရှား အရှေ့ဖျား ဗလာဒီဗော့စတော့ တွင်လူ တစ်ထောင်ကျော် အစိုးရဆန့်ကျင်ရေး ဆန္ဒပြ

ဗလာဒီ ဗော့စတော့ခ် ၊ရုရှား ရိုက်တာ

ရုရှားနိုင်ငံ အရှေ့ဖျား ရှိဆိပ်ကမ်းမြို့ဖြစ်သော ဗလာဒီ ဗော့စတော(ခ်)တွင်လူထောင်ပေါင်းများစွာက
စနေ နေ့ မှစ၍ အစိုးရဆန့် ကျင်ရေးဆန္ဒပြပွဲ တစ်ရပ်ကို စတင်နေကြောင်း မော်စကိုမှ လာသောရိုက်တာ သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။

ကမ္ဘာ့စီးပွားရေးပျက်ကပ် ကြောင့် ဗလာဒီဗော့စတော့(ခ်)တွင် လူထေထာင်ပေါင်းများစွာ အလုပ်အ
ကိုင်နေ ရာများဆုံးရှုံးကြ ရာမှ ဆန္ဒပြသူ များကလက်ရှိ အစိုးရကို နှုတ်ထွက်ပေး ရန်တောင်းဆိုခြင်း
ဖြစ်သည်။ဆန္ဒပြသူ များက ပူတင် နှုတ်ထွက်ပေး အစိုးရ အမြန်ဆုံး နှုတ်ထွက်ပေး စသည်ဖြင့် အော်
ဟစ်ကြွေးကျော် ခဲ့ကြပြီး အဓိကရုန်းနှိမ်နှင်းသူ များကမူ ဖြိုခွဲ ရန်အသင့်အနေအထား ပြင်နေသည်

ဂျပန် နိုင်ငံမှ မော်တော်ကားထုတ်လုပ်တပ် ဆင်ရေးစက်ရုံ များသည် ဗလာဒီ ဗော့စတော့(ခ်)တွင်
လာရောက်အခြေစိုက်သည်။ ထို ဆန္ဒပြမှုများသည် ရုရှားနိုင်ငံတ၀ှမ်းသို့ ကူးစက်သွားဖွယ်ရှိသည်။

ယမန်နှစ် ဒီဇင်ဘာလက မော်စကို မှ အဓိကရုန်း နှိမ်နှင်းရေးရဲများကို ဗလာဒီဗော့စတော့(ခ်)သို့
စေလွှတ်ခဲ့ပြီး နှိမ်နှင်းခဲ့သည်။ထို အချိန်က လူပေါင်း ၁၀၀ကျော်ကို မော်စကိုမှ ဖမ်းဆီးခဲ့သည်။