Valentino:The Last Emperor(Movie Guide)

သမ္မတ ကတော်ဂျက်ကလင်း ကနေဒီ ကြိုက်နှစ်သက်ခဲ့သည့် ဗယ်လင်တီနို၏နာမည် ကျော် အနီရောင်ဖက်ရှင်
သမ္မတ ကတော်ဂျက်ကလင်း ကနေဒီ ကြိုက်နှစ်သက်ခဲ့သည့် ဗယ်လင်တီနို၏နာမည် ကျော် အနီရောင်ဖက်ရှင်နှင့် ဖန်တီးရှင် ဗယ်လင်တီနို
၁၉၅ရ ခုနှစ်တွင် သူ၏ဒီဇိုင်းများကို ပြသရန်အတွက် အခန်းငှားစရာမရှိသည့်ဘ၀မှ  ယနေ့ နိုင်ငံပေါင်း၆၀ တွင် ပြခန်းပေါင်း ၂၀၀ကျော် ဖွင့်လှစ်ထားသည့် ဗယ်လင်တီနိုကိုစူပါမော် ဒယ်များနှင့် အတူတွေ့ရစဉ်
၁၉၅ရ ခုနှစ်တွင် သူ၏ဒီဇိုင်းများကို ပြသရန်အတွက် အခန်းငှားစရာမရှိသည့်ဘ၀မှ ယနေ့ နိုင်ငံပေါင်း၆၀ တွင် ပြခန်းပေါင်း ၂၀၀ကျော် ဖွင့်လှစ်ထားသည့် ဗယ်လင်တီနိုကိုစူပါမော် ဒယ်များနှင့် အတူတွေ့ရစဉ်

ကမ္ဘာကျော် အီတလီ အ၀တ်အထည် အမှတ်တံဆိပ်တစ်ခု ဖြစ်သော ဗယ်လင်တီနို ကို ဖန် တီး ခဲ့ သည့် ဒီဇိုင်းပညာရှင် ဗယ်လင်တီနို ဂရာဗာနီ ၏ ဘ၀ ဇာတ်ကြောင်းကို မှတ်တမ်းရုပ်
ရှင် (Documentary)အနေဖြင့် ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။

Valentino အမှတ်တံဆိပ်ကို မသိသူမရှိရလေအောင် စွမ်းဆောင်ခဲ့သော သူ့ဘ၀ဇာတ်ကြောင်းအပြင် နှစ်ပေါင်း ၅၀ တွဲလက်မဖြုတ်ခဲ့သည့် ချစ်သူလည်းဖြစ် မိတ်ဆွေလည်းဖြစ် စီးပွားဖက်လည်းဖြစ်သူငယ်ချင်းကောင်းလည်းဖြစ် သည့် ဂီယန်ကာလို ဂီယန်မက်တီ တို့၏ နှလုံးသားရေး ကိုလည်းတင်ဆက်ပြထားသည်။

မှတ်တမ်းရုပ်ရှင် ဖြစ်သော်လည်း ၄၅ နှစ်သက်တမ်းရှိ Valentioအမှတ်တံဆိပ် နှင့် အသက် ၇၀ ကျော် အရွယ် ထိုအမှတ်တံ ဆိပ် ဖန်တီးရှင် ၏ ဘ၀ ရုပ်ပုံလွှာနှင့် သူ၏ဆွတ်ပျံဖွယ်ရာ ချစ်ဇာတ်
လမ်းတို့ ကို ရှုစားရပေမည်။စစ်မှန်သော အနုပညာရှင်တို့ ၏ ဘ၀ဉ် ပထမဆုံး စိန်ခေါ်မှုဖြစ်သည့် ပိုက် ဆံ ဆိုသည့် စကားလုံးကို သူ ဘယ်လို ကျော်ဖြတ်ခဲ့သည်ကို Valentino :The Last Emperor တွင် တွေ့ နိုင်သည်။

ဒိုနာတယ်လားဗာဆက်ချီ ၊ ဂျော်ဂျီယို အာမေနီ ၊တွမ်ဖို့ စသည့် ဒီဇိုင်နာ အကျော်အမော်များလည်းထိုဇာတ်ကားတွင် ပါဝင်ပြီး ဗယ်လင်တီနို ၊ကလော်ဒီယာ ရှစ်ဖား၊ ဂွင်းနက် ပါလ်းထရိုးတို့ က၎င်း တို့ ကိုယ်တိုင် အနေဖြင့် ပါဝင်သရုပ် ဆောင်ထားကြသည်။
ဒါရိုက်တာ မတ် တိုင်ရာညော ၏ လက်ရာ ဖြစ်သည်။အမေရိကန် တွင် မတ်လ ၁၈ ရက်နေ့ မှ
စတင်ပြသမည်ဖြစ်သည်။

ရုပ်ရှင် ဇာတ်ကားသစ် များ၊သီချင်းသစ်များကို အပတ်စဉ် တနင်္လာနေ့ တိုင်းစာ
မျက်နှာအပေါ်ဆုံးရှိ Top Barတွင်ရှိသော  ရုပ်ရှင်နှင့် ဖျော်ဖြေရေး ကဏ္ဍ တွင်ကြည့်ရှု နိုင်ပါသည်။