ထီးတော်တင် ပွဲတွင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကို အနီးကပ် ရိုက်ထားသော ဗီဒီယို ခွေ ရန်ကုန်တွင် တိုးတိုးတိတ်တိတ် ပျံနှံ့

၁၉ မတ် ရန်ကုန်၊            ၊ညွန့် သက်ထားဦး
ဟန်းဖုန်း ကင်မရာဖြင့် ရိုက်ကူးထားသော ဗိုလ်ချုပ်မှုးကြီးသန်း ရွှေ နှင့် မိသားစု များ ၏မတ်လ ၉ရက် နေ့ က နေပြည်တော်ရှိ ဥပ္ပာတသျှန်တိ စေတီတော် ထီးတင်ပွဲ အခမ်းအနား တွင်
ပန်းရထားကို ကြိုးဆွဲနေစဉ် ရိုက်ကူးထားသော ၈ မိနစ်ကျော်ကြာ ဗီဒီယို ခွေမှာ ရန်ကုန်မြို့ တွင် အီးမေးများမှ တစ်ဆင့်ပျံ့  နှံနေသည် ဟုသိရသည်။ကင် မရာအယူအဆအရ
ဟန်းဖုန်းကင် မရာဖြင့်ရိုက်ကူးထားသော်လည်း ကြည်လင်ပြတ်သား မှုရှိခြင်းကြောင့် တန်ဖိုးကြီး ဟန်းဖုန်းကင် မရာဖြစ်နိုင်ကြောင်း ထိုဗီဒီယို ခွေကို ကြည့်ရှုခဲ့ရသည့်  သူတစ်
ဦးက Freedom News Group သို့ပြောသည်။

ရှစ်မိနစ် ကျော်ကြာမြင့်သည့် ဗီဒီယို ခွေတင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် မိသားစုတို့ ကြိုးဆွဲနေသည့် ပုံသာ ပါသည့် အတွက် ပရိသတ်အားဆွဲ ဆောင်မှု မရှိသော်လည်း
အတွင်းစည်းဟု ခေါ်သည့် ထိုနေရာထိ ဖုန်းဖြင့်မှတ် တမ်းတင်ပြီး ဖြန့် ချိ နိုင်ခဲ့သူ မှာမည်သူမည် ၀ါလော ဟု အများက စိတ်ဝင်စားနေကြသည်။
အချို့ကလည်း ၎င်းတို့ ၏ လူများပင် မှတ် တမ်းတင်ရိုက်ကူးထားခြင်းဖြစ် နိုင် ပြီး IT ခောတ်၏ သဘောသဘာဝ အရ ပျံနှံ့  လွယ်ခြင်းဖြစ်နိုင်သည် ဟုသုံးသပ်နေကြသည်။

ယခင်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သမီးမင်္ဂလာဆောင် ကို ရိုက်ကူးထားသည့် မှတ်တမ်းခွေတစ် ခုနှင့် စစ်တပ်ထိပ်တန်းအရာရှိတစ်ဦး၏ ဇနီးနှင့် ထောက်လှမ်းရေးအရာရှိ
တစ်ယောက်ဖောက်ပြန်နေသော ဗီဒီယို ခွေမှာ လည်း လူ ကြိုက်များခဲ့သည်။