၂၀ မတ် ရန်ကုန်၊ ၊ညွန့် သက်ထားဦး
မြန်မာ့မီးရထားတွင် တန်ဆာကုန်ပစ္စည်းများပျောက်၊လက်မှတ်စစ်များကလည်း မချေငံ ၊မှောင်ခို လက်မှတ် ကလည်း တစ်ဖက် မို့ သင်္ကြင်္န်နယ်ပြန်မည့် မည့် သူများ သတိရှိရန်လို
ရန်ကုန်-မန္တလေး အပါအ၀င် ရထားဖြင့်တစ်နေရာမှ တစ်နေရာသို့ ကုန်စည် ပို့ ဆောင်ရာတွင် တန်ဆာ ဟုခေါ်သည့် ကုန်စည်ပစ္စည်းပျောက်ဆုံးမှုများရှိလာသည်ဟု မန္တလေး မှ ရန်ကုန်သို့  တရုတ်ပြည် လုပ်ဖုဝန သွားတိုက် ဆေးများတင်ပို့ သည့် လုပ်ငန်းရှင်တစ် ဦးက Freedom NewsGroup သို့ ပြောသည်။
ထိုကဲ့သို့ ရန်ကုန်-မန္တလေး ကုန်ပစ္စည်းတင်ပို့ ရာတွင် ပစ္စည်းပျောက်ဆုံးမှုများ မှာ ၂၀၀၈ နှောင်းပိုင်းကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီးကုန်ပစ္စည်းပိုင်ရှင် များက ဘူတာမှ တာဝန်ရှိသူ များကိုသတင်းပို တိုင်ကြားသော် လည်း ဟို ဘူတာ မှာ သည်ဘူတာ လွှဲချပြီး ခေါင်းရှောင် နေမှု များသာရှိကြောင်းသိရသည်။
စီးပွားဖြစ်ကုန်ပစ္စည်း တင်ပို့ သူအများစု မှာ မော်တော်ကားဖြင့်သာ တင်ပို့ မှုများသော်လည်းရံဖန်ရံခါမီးရထား ဖြင့်တင်ပို့ မှုများရှိသည်။ “မနေ့  က မန္တလေက နေ အစုန် ၅ နာရီ နဲ့ သွားတိုက်ဆေးတွေတင် ပေးလိုက်တယ်။အားလုံး ၁၀ ပုံး ဘူတာကြီးရောက်တော့ သွားထုတ်တော့ ရ ပုံးပဲ ရတယ်။တန်ဆာ ခေါင်းက သူတို့ မှတာ ၀န်ရှိတာ ပျောက်ဆုံး ကုန်ပစ္စည်း ဖိုးလျှော် ပေး တာဝန်ပဲ ရှိတယ်။တိုင်ချင်ရင် တိုင်စာပုံးထဲမှာ ထည့်တိုင် ဒါမှမဟုတ် ရုံပိုင်ကလေး လာရင် တိုင်လိုက် လို့ ပြောတယ်။သူလျှော်ပေးတဲ့ ဖိုးက ကျွန်မတို့ ကုန်ပစ္စည်းရဲ့ အရင်းတန်ဖိုးတောင် မရှိဘူး”လို့ ကုန်ပစ္စည်းပျောက်ဆုံးသူတစ်ဦးက ပြောသည်။
ထိုကဲ့ သို့ ရထားဖြင့်တင် ပို့ ရာဉ် ကုန်ပစ္စည်းပျောက်ဆုံးမှုများမှာ ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ သာမက မန္တလေး-မြစ်ကြီးနား နှင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် လည်းပျောက်ဆုံးမှုရှိသည် ဟုသိရသည်။
မြန်မာ့ မီရထား ၀န်ထမ်းတို့ မှာ ဆက်ဆံမှုညံဖျင်းလာ ပြီး မီးရထားဖြင့်ခရီးသွားလာ သူများ၏အပြောအရ လွန်ခဲ့သည့် တစ်ပတ်ကျော် က ခရီးသည် အိပ်နေစဉ် အတင်းအဓမ္မ နှိုး၍
လက်မှတ်စစ် မှုကြောင့် ခရီးသွား များနှင့် လက်မှတ်စစ်တို့  အချေအတင် စကားများမှုတစ်ခုလည်း ဖြစ်ပွားခဲ့သည်။
