၂၀ မတ် ရန်ကုန်၊ ၊ဟိန်းမင်း

၂၀၀၈ ခုနှစ် ဒီဇင်ဘာလက စ၍ အက်(ဖ)အီးစီ တစ်ဆယ်တန် နှင့် နှစ်ဆယ်တန် ဂျီအက်(စ)အမ် ဆင်းကဒ်များကို ထုတ်ဝေဖြန့် ချိခဲ့ပြီးနောက်
ဧပြီလ ဆန်းမှစ၍ အက်(ဖ)အီးစီ ၅၀ တန် ဂျီအက်(စ)အမ် ဆင်းကဒ်များကို ထုတ်ဝေဖြန့် ချိတော့ မည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှအရာ
ရှိများ နှင့်နီးစပ် သူများမှ တစ်ဆင့် သတင်းရရှိသည်။
ဒီဇင်ဘာ လတွင် စတင်ဖြန့် ချိစဉ် ကတည်းက တစ်ဆယ် တန် ၊နှစ်ဆယ် တန် နှင့် သုံးဆယ် ကျပ်တန် တို့ ကို ထုတ် ဝေဖြန့် ချိရန် စီစဉ်ထားသော်
လည်း ၅၀ ကျပ်တန် မှာ နည်းစနစ် ပိုင်းရာချို့ ယွင်းခြင်း ကြောင့် ၎င်း (သို့ မဟုတ်) ဈေးကွက် အနေအထား အရ ၎င်း ထုတ်ဝေ ဖြန့် ချိမည်ဟု ကြေ
ငြာပြီး မှ ပြန် လည် ရွှေ့ ဆိုင်းခဲ့ ခြင်းဖြစ်သည်။
ဂျီအက်(စ)အမ် ဆင်းကဒ် များကို စတင် ရောင်းချစဉ် အချိန် က တိုးမပေါက် လောက်အောင် ၀ယ်ယူ အားပေးမှုရှိခဲ့သော် လည်းနောက်ပိုင်း တွင်
ကဒ် ၅၀၀၀ ကျော်မှာsystem error ပြ ပြီး မြန်မာ နိုင်ငံ တွင် လူ သုံးများသော နိုကီယာ ဟန်းဆက်ဖြင့်ပင်သုံး၍ မရ ဟုသိရသည်။
အက်(ဖ)အီးစီ နှစ်ဆယ်တန် ဆင်းကဒ် ၏ သက်တမ်းမှာ သုံးလသာ ဖြစ်ပြီး ဇန်န၀ါရီ လက ထုတ်ဝေဖြန့် ချိခဲ့ သည့် ဆင်းကဒ်များမှာ ဧပြီလတွင်
သက်တမ်းကုန် ဆုံးတော့ မည်ဖြစ်ရာ ငါးဆယ် တန် ဆင်းကဒ်များကို ယခုလ နှောင်းပိုင်း တွင် ဈေးကွက်ထဲသို့ အရောက်ပို့ တော့မည်ဖြစ်သည်။
ယနေ့ အချိန် အထိ အက်(ဖ)အီးစီ နှစ်ဆယ် တန် ဆင်းကဒ် ခုနှစ် သောင်းနှစ်ထောင် ကျော်ရောင်းချပြီး သွားပြီဖြစ်ပြီး တစ်ဆယ်တန်ဆင်းကဒ်
များကို မူထပ်မံ ထုတ်လုပ်တော့မည် မဟုတ်ဟု ထိုကဒ်များကို ဖြန့် ချိပေးသော ဆင်ထရယ် မားကတ်တင်း ကုမ္ပဏီ မှတာ ၀န်ရှိသူ တစ်ဦးက
ပြောသည်။
ဆက်သွယ်ရေး စနစ် နှင့် ပတ်သက်လာ လျှင် စည်းမျဉ်းစည်းကမ်းများ အလွန်တင်းကျပ် သောမြန်မာ နိုင်ငံတွင် အမြဲတမ်းအသုံးပြုနိုင်သော
ဂျီအက်(စ)အမ် ဆင်းကဒ်တစ်ခု ၏ပေါက်ဈေး မှာ ကျပ်၁၅ သိန်း ဖြစ်ပြီး ရရှိရန် ခက်ခဲ သောကြောင့် ပြင်ပပေါက်ဈေးတွင် ၂၅ သိန်းကျော်ဈေးရှိသည်။
မြန်မာ နိုင်ငံ ၏အိမ် နီးချင်းထိုင်း နိုင်ငံ တွင် မူ ဆင်းကဒ်တစ်ခု ၏ပေါက် ဈေးမှာ မြန်မာငွေ ၂၅၀၀ ကျပ်ခန့် (၄၉ ဘတ်)သာဖြစ်သည်၊
မြန်မာ ဆက်သွယ်ရေးလုပ်ငန်း မှ တစ်ခါသုံး ဂျီအက်(စ)အမ် ဆင်းကဒ် များသာ မက WCDMA ဖုန်းများနှင့် ကမ်းရိုးတန်းသုံး ဖုန်းများကို လည်း
အများပြည်သူ သုံးစွဲ နိုင်ရန်ခွင့် ပြုပေးထားသည်။
