နှစ်ရှည်ထောင် ဒဏ်ချမှတ်ခြင်းခံထားရသည့် ဇာဂနာ ၏ မိခင် ဒေါ်ကြည်ဦး အသက် ၈၄ နှစ်တွင် ကွယ်လွန်

၂၀ မတ် ရန်ကုန်။          ။တင်ကျော်ကျော်စိုး၊ဟိန်းမင်း
နိုင်ငံကျော်လူ ရွှင်တော်တစ်ယောက်ဖြစ်သောကြောင့်မိခင်ကြီး၏ ဈာပနကို လိုက်ပါပို့ ဆောင်ခွင့်ရ ရန်ဇာဂနာ အခွင့်အရေးရ မရမှာမသေချာသေး

မြစ်ကြီးနားထောင် တွင်ထောင်ဒဏ် နှစ်ရှည်ချမှတ်ခြင်းခံထား ရသည့် လူရွှင်တော် ဇာဂနာ ၏ မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦး မှာ ယနေ့  ည ၈း၄၅ မိနစ် အချိန် ခန့် က အသက်၈၄ နှစ်အရွယ်တွင် ဆုံးပါးသွားခဲ့သည် ဟု သတင်းရရှိသည်။

လွန်ခဲ့ သည့်လအနည်းငယ် ကပင်ကျန်းမာရေးချို့ ယွင်းနေသည့် ဒေါ်ကြည်ဦးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သည်းခြေအိတ်ကင်ဆာရောဂါကြောင့် ယခုလ ၆ ရက်နေ့ တွင်ဗဟိုရ် စည်ဆေးရုံဉ်တက်ရောက် ကုသခံခဲ့ရသည်။

ဒေါ်ကြည်ဦး ၏သားဖြစ်သူ ကိုဇာဂနာ မှာ ၂၀၀၈ ခုနှစ်ဇွန်လ က နာဂစ်မုန်တိုင်းသင့်ဒေသများတွင်သွားရောက်ကူ ညီကယ်ဆယ်မှုများကြောင့် ထောင်ဒဏ် ၅၉ နှစ်ပြစ်ဒဏ် ပေးခံရပြီး ဖေဖေါ်ဝါရီလက ၂၄ နှစ်လျှော့ ပေါ့ပေးခဲ့ရာ ထောင်ဒဏ် ၃၅ နှစ်ကျခံရမည်ဖြစ်သည်။

ယခင်နှစ် ဒီဇင်ဘာလက ကို ဇာဂနာ မြစ်ကြီးနားထောင် သို့ ပြောင်းရွှေ့ ပြီးနောက်ပိုင်း မိသားစုကထောင်ဝင်စာလိုက် တွေ့ ရာ တွင် ထောင်အာဏာပိုင်များ ကပေးမတွေ့ သည်မှ စ၍ မိခင်ဒေါ်ကြည်ဦးမှာ စိတ်ထိခိုက်၍ အစားအသောက်ပျက်ရာမှ အိပ်ရာထက် ဘုံးဘုံးလဲခဲ့ရသည်။

ဒေါ်ကြည်ဦးကျန်းမာရေး မကောင်းစဉ်ကတည်း က ပြည်ထဲရေးဝန်ကြီးဌာန (အကျဉ်းဦးစီဌာန)နှင့် မြစ်ကြီးနား ထောင်ပိုင်တို့ ထံ မိခင်နှင့် တွေ့ ခွင့်ပေးရန်တောင်းခံထားသော်လည်း အာဏာပိုင်များက လျှစ်လှုရှုခဲ့သည်။ဒေါ်ကြည်ဦး၏ ခင်ပွန်းဖြစ်သူ နန်းညွန့်ဆွေမှာ ထင်ရှားသောစာရေး
ဆရာကြီးတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမျိုးသားနေ့ အကြောင်း ဟောပြောခဲ့သောကြောင့် စာပေရေးသားခွင့် ပိတ်ပင်ခံနေရသူဖြစ်သည်။

မြစ်ကြီးနားထောင် တွင်းရှိကိုဇာဂနာ မှာ မိခင်ဖြစ်သူ၏ ဈာပန အခမ်းအနားကို လိုက်ပါပို့ ဆောင်နိုင်ရန် သက်ဆိုင်ရာက ခွင့် ပြုမပြုမှာမသေချာသေးဟု မိသားစုဝင်များနှင့် နီးစပ်
သူများမှ တစ်ဆင့်သိရသည်။