
၂၁ မတ် ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
မြန်မာ့ ဒီမိုကရေစီ အရေးလှုပ်ရှားတက်ကြွသူ ဟာသပညာရှင် ကို ဇာဂနာ ၏ မိခင်ဖြစ်သူ ဒေါ်ကြည်ဦး ၏ ဈာပနသို့  မြန်မာ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် များသာမ က မြန်မာစာပေနယ်မှ
ပုဂ္ဂိုလ်များလည်း တက်ရောက်ကြသည်ဟု သတင်းရရှိသည်။
မတ်လ ၂၀ရက်နေ့ ည ၈း၃၀ အချိန်တွင် သည်းခြေအိတ်ကင်ဆာရောဂါကြောင့် ကွယ်လွန်ခဲ့သည့် ဆရာ နန်းညွန့် ဆွေ ၏ ဇနီးဖြစ်သူ ဆရာမကြီးဒေါ်ကြည်ဦး ၏ ဈာပနသို့ နာရေးကူညီ မှုအသင်းမှ သရုပ်ဆောင် ကိုကျော်သူ က ကိုယ်တိုင်နာရေးကူညီ မှုကားမောင်းပို့ သလို အမျိုးသားဒီမို ကရေစီ
အဖွဲ့ ချုပ်မှ ဆရာကြီးဦးဝင်းတင် အပါအ၀င် အဖွဲ့ ဝင်များ စာရေးဆရာဆရာ မများ စာနယ်ဇင်းဆရာဆရာ မများနှင့် သရုပ်ဆောင် အချို့လည်း လိုက်ပါပို့ ဆောင်ကြသည်။
ဆရာမကြီး ဈာပန အခမ်းအနား အားကွယ်လွန်ပြီး နောက်တစ်ရက် မှာပင် ကျင်းပသောကြောင့်
ရပ်ဝေးမှ ပုဂ္ဂိုလ် များနှင့် အချို့ မှာ မလာရောက်နိုင်သော် လည်း ရန်ကင်းမြို့ နယ် ၁၂ လုံးတန်း ရှိ
ရန်ရှင်း လမ်းမတစ်လျှောက် လိုက်ပါပို့ ဆောင်သူ ဧည့်ပရိသတ် များဖြင့်စည်း
ကာလျှက် ရှိသည်။
ဆရာမကြီးဒေါ်ကြည်ဦးမှာ ကွယ်လွန်ချိန်တွင် အသက် ၈၃ နှစ်ရှိပြီ ဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်ကပင် စာပေရေးသားမှုလုပ်ငန်းကို စတင်လုပ်ဆောင် ခဲ့ပြီး ၁၉၈၈ ခုနှစ် ပြည့်သူ့ အရေးတော် ပုံကြီးတွင် အစိုးရ ဆန့် ကျင်ရေး မကြောက်တရားဟောကြားခဲ့သည်။
