အရက်ကြော်ငြာ များပြန်လည်ခွင့်ပြုရာမှ ပြည်တွင်းမီဒီယာကြီး နှစ်ခု တရားတဘောင်ဖြစ်နိုင်ချေရှိ

၂၄ မတ် ရန်ကုန်၊        ၊ညွန့်သက်ထားဦး

ဆင်တူရိုးမှားပြုထားသည်ဆိုသည့် အဲလဗင်းဝီစကီ နှင့် အဲလဗင်းမီဒီယာ၏ လိုဂို
ဆင်တူရိုးမှားပြုထားသည်ဆိုသည့် အဲလဗင်းဝီစကီ နှင့် အဲလဗင်းမီဒီယာ၏ လိုဂို

ကြော်ငြာတစ်ခုကြောင့် တိုင်းပြည်၏ စတ္ထုထမဏ္ဍိုင်ကြီး ဖြစ်သော မီဒီယာနှစ်ခုအချင်း
မများကြစေလို ဟု ၀ါရင့်သတင်းစာဆရာကြီး တစ်ဦးပြော

ရန်ကုန်တိုင်းဂျာနယ် နှင့် ဖလားဝါးနယူး(စ်)ဂျာနယ် တို့ ကိုထုတ်ဝေသော ရန်ကုန်မီဒီယာ ဂရုပ်၏
မကြာသေးခင်ကမှ ထပ်မံထုတ်ဝေ ထားသည့် ဂျာနယ်အသစ်တစ်စောင်ဖြစ်သည့် 8 days a week ဂျာနယ်အပါအ၀င် ၎င်းတို့ ထုတ်ဝေသော ဂျာနယ်သုံးစောင် စလုံးဉ်ဖေါ်ပြ ပါရှိသော
ကြော်ငြာတစ်ခုဖြစ်သည့် Lucky Eleven ၀ီစကီကြော်ငြာကြောင့် ၀ီကလီ အဲလဗင်းဂျာ
နယ်ကို ထုတ်ဝေသည့် အဲလဗင်းမီဒီယာအုပ်စု မှ ရန်ကုန်မီဒီယာဂရုပ်ကို တရားစွဲဆိုရန်
ပြင်ဆင်ထားသည်ဟု သတင်း ရရှိသည်။

ထိုဂျာနယ် သုံးစောင်တွင် ဖေါ်ပြပါရှိသော လပ်ကီးအဲလဗင်း(Lucky Eleven)၀ီစကီ ကြော်ငြာမှာဈေးကွက်တွင် အောင်မြင်ပြီးသားဖြစ်သော အဲလဗင်း မီဒီယာ၏ ကုန်အမှတ်တံဆိပ်ကိုဆင်တူရိုးမှားပြုလုပ်ထားသော ကြောင့် ဖြစ်သည်ဟု ယခုအပတ်ထုတ် ၀ီကလီး အဲလဗင်း ဂျာနယ်တွင်ဖေါ်ပြထားသည်။ဝီကလီ အဲလဗင်းမှ လည်း၎င်းတို့ ၏ တောင်းဆို ချက် ဖြစ်သည့် ကြော်ငြာထည့်သွင်းခြင်းကို မရပ်တန့် ပေးလျှင် ကြော်ငြာရှင် နှင့်တကွ လက်ခံထည့်ပေးသော မီဒီယာကို လည်းတရားစွဲမည် ဟုဖေါ်ပြထားသည်။

အရက် ကြော်ငြာများကို ထည့်သွင်းခွင့် မပြုတော့သည်မှ နှစ်အနည်းငယ်ခန့် ရှိပြီဖြစ်သော်လည်း စစ်အစိုးအရ ထိပ်တန်းပုဂ္ဂိုလ် များ၏ အဆက်အနွယ် များက အရက်သေစာထုတ်လုပ်ရောင်းချလာသောကြောင့် စာပေစီစစ်ရေးကို ဖိအားပေးမှုရှိသည့် အတွက်ပြန်လည် ခွင့်ပြုပေးရခြင်းဖြစ်သည်ဟုစာပေစီ စစ်ရေးမှ ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ မီဒီယာသမားတစ်ဦးကမူ “အဲဒါသိပ်ပြီးတော့လည်းပြဿနာကြီး မဟုတ်ပါဘူး ထိုင်းမှာ အမေရိကန် က ထုတ်တဲ့ ကိုကာကိုလာ အော်ရီဂျင်နယ် ဘရန်း ရှိတာပဲ ဒါပေမယ့် လက်ကားရောင်း ၀ယ်နေ တဲ့ TESCO အုပ်စု ကလည်း တက်(စ)ကို ကိုလာဆိုပြီးတော့ အော်ရီဂျင်နယ် ကိုလာ နဲ့ဆင် တူ ရိုးမှားထုတ် တာပဲ ဘာပြဿနာမှ မရှိပါဘူး စားသုံးသူ ကကိုလာအစစ်ကို သိတယ်လေ ”ဟု သူ ၏ပြည် ပ ကုန်အမှတ် တံဆိပ် အတွေ့ အကြုံ ကိုပြောသည်။

ကြော်ငြာတစ်ခုကြောင့် တိုင်းပြည်၏ စတ္ထုထမဏ္ဍိုင်ကြီး ဖြစ်သော မီဒီယာနှစ်ခုအချင်း
များရမည့် ကိစ္စ နှင့် ပတ်သက်၍ ၀ါရင့်သတင်းစာဆရာ တစ်ဦးက “ကြော်ငြာကြောင့် ဖြစ်တဲ့ပြဿ နာဆို လူကြား လို့ မကောင်းဘူး ဒီအပတ်ထဲမှာပဲ ၀ီကလီကလဲ စာဖတ်ပရိသတ်တွေ က ဂျာနယ်တွေ အပေါ်ယုံကြည်မှုတိုး လာပြန် လို့ စစ်တမ်းကြီးကလဲလုပ်
ထား နောက်ဘာမဟုတ်တဲ့ ပြဿနာ ထုတ်ကြီးကို လဲ ရှေ့ချထားဆို တော့ မကောင်းဘူး”ဟု
သုံးသပ်ပြောကြား သွားခဲ့သည်။

ဝီကလီ အဲလဗင်း မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဍ် အောင် မှာ ယခင်က အချစ်ဂျာ
နယ်မှ အယ်ဒီတာချုပ်ဖြစ်သူ မြတ်ခိုင် အားတရားစွဲခဲ့ဖူးသည်။