၂၆ မတ် ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
စစ်အစိုးရ က တပ်မတော်နေ့ ဟု သုံးနှုန်းသော ဖက်ဆစ်တော်လှန်ရေး နေ့  ကျင်းပရန်တစ်ရက်
အလိုတွင် ရန်ကုန်ဉ် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး ဧည့်စာရင်းများညစဉ်ဆိုသလို စစ်ဆေး
နေသော် လည်း ယနေ့ ညနေ ၅ နာရီ အချိန်ခန့် က မြောက်ဥက္ကလာ သုဓမ္မာ လမ်းရှိ တော်ဝင်နန်း
အဆင့်မြင့် တည်းခိုခန်းတွင် ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
ထိုပေါက်ကွဲ မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးနှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့
သည် ။ဗုံးပေါက်ကွဲ မှုဖြစ်ရာတည်း ခိုခန်းသို့  ချက်ချင်းပင် ရဲကားများနှင့် သက်ဆိုင်ရာအာ ဏာပိုင်များရောက်ရှိလာပြီး ရှာဖွေစစ် ဆေးမှုများပြုကာတည်းခိုခန်းတွင်
တည်းခိုနေသူ အားလုံးအား မြောက် ဥက္ကလာပ သို့ မဟုတ် အောင်သပြေ စစ်ကြောရေးစခန်းသို့ ခေါ်သွားပြီးထပ်မံ စစ်ဆေးမှုများပြုလုပ် နေသည်ဟု သိရသည်။
ဗုံးပေါက်ကွဲ မှုကြောင့်သေဆုံးခဲ့သူ မှာ ပခုက္ကူမြို့ မှ ဖြစ်ပြီး ဒဏ်ရာရထားသော အမျိုးသမီးနှစ်ဦးကို အရေးပေါ်လူနာတင် ယာဉ်ဖြင့်ခေါ်ဆောင်သွားသည် ဟု မျက်မြင်တွေ့ ရသူများက Freedom News Group သို့ ပြောသည်။
ယခု ဗုံးပေါက်ကွဲ မှုမှာ ၂၀၀၉ ခုနှစ် အတွင်း နှစ်ကြိမ်မြောက် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး တစ်လအတွင်းနှစ်ကြိမ်မြောက်ပေါက်ကွဲခြင်းလည်းဖြစ်သည်။ပထမ တစ်ခါပေါက်ကွဲ
စဉ် က မတ်လ ၄ရက် ည ကိုးနာရီ ခွဲ နှင့် ၁၁ နာရီ တို့ တွင် မြေနီကုန်း ပဒုမ္မာ ပန်းခြံ နှင့် ကမာရွတ် လှည်းတန်း တို့ တွင် ဖြစ်သည်။
ယနေ့  ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြောက်ဥက္ကလာ ခြောက်ကွေ့  နှင့် နှစ် ဈေးအနီးတို့ တွင် မော်တော်ကားအချို့ အား ရပ်တန့် ရှာဖွေမှုများပြုခဲ့ပြီး ခရီးသည်တင် စက်ဘီးကယ်ရီ သမားများ
အား မြောက်ဥက္ကလာ ရဲစခန်းမှ ဖမ်းဆီးမှုပြုခဲ့သည်။
