အိန္ဒိယ မှ နာမည်ကျော် တာတာ မော်တော်ကား ကုမ္ပဏီ မြန်မာပြည် တွင် စက်ရုံ ထောင်မည်
၂၉ မတ် နယူးဒေလီ၊              ၊ဘန်ကောက်ပို့ (စ်)
တာတာ နာနိုမော်တော်ကားသစ်တစ်စီးကို မတ်လ ၂၅ ရက်နေ့ က မွမ်ဘိုင်းတွင် စမ်း သပ်မောင်းနှင် စဉ်အတွင်းဂျာနယ် လစ်များကကြည့်ရှုစစ်ဆေးစဉ် ဓာတ်ပုံ - ရိုက်တာ
တာတာ နာနိုမော်တော်ကားသစ်တစ်စီးကို မတ်လ ၂၅ ရက်နေ့ က မွမ်ဘိုင်းတွင် စမ်း သပ်မောင်းနှင် စဉ်အတွင်းဂျာနယ် လစ်များကကြည့်ရှုစစ်ဆေးစဉ် ဓာတ်ပုံ - ရိုက်တာ
အိန္ဒိယ အစိုးရ ၏ ထောက်ပံ့ပေးမှုဖြင့် အိန္ဒိယ နိုင်ငံမှနာ မည်ကျော်မော်တော် ကားကုမ္ပဏီဖြစ်သောတာတာ မော်တော်ကား ကုမ္ပဏီသည် မြန်မာ နိုင်ငံဉ် မော်တော် ကား ထုတ်လုပ်တပ်ဆင် ရေးစက်ရုံတစ်ခု တည်ဆောက်မည် ဟု ယနေ့ ထုတ်ဝေသော ဘန်ကောက်ပို့ (စ်)သတင်းစာဉ်ဖေါ်ပြထားသည်။
စနေ နေ့ က အိန္ဒိယ နိုင်ငံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ဉ် တာတာ မော်တော်ကား
ကုမ္ပဏီ မှ စစ်အစိုးရ အုပ်ချုပ်သော မြန်မာပြည်တွင် သူတို့ အနေဖြင့် စက်ရုံထောင်ခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည် ဟုဆို သည်။
တာတာမော်တော်ကား ကုမ္ပဏီ မှ အဆင့်မြင့်တာဝန်ရှိသူ မျာသည် ယခုတစ်ပတ် အတွင်း မြန်မာစစ်အစိုးရ စွမ်းအင်ဝန်ကြီးနှင့် တွေ့ ဆုံပြီးနောက် ထိုရလာဒ်ပေါ်ထွက်လာခြင်းဖြစ်သည် ဟု ဘန်ကောက်ပို (စ်)ကရေးသားထားသည်။
တာတာ က မြန်မာပြည်တွင်မော်တော်ကား ကုမ္ပဏီ လာရောက်တည်ထောင် ခြင်းမှာ အိန္ဒိယ အစိုးရ၏ အရှေ့ကြည့် (Look East)ဆို သည့် မူဝါဒ အရဖြစ်သည်။
တာတာ မော်တော်ကားကုမ္ပဏီ သည် ကမ္ဘာတွင် တန်ဖိုးအနည်းဆုံးသော မော်တော်ကားများထုတ်လုပ်ပြီး တာတာ နာနို အမျိုးအစား မော်တော်ကားတစ် စီး ၏ ပေါက်ဈေးမှာ ရူပီး တစ်သိန်း (အမေရိကန်) ဒေါ်လာ နှစ်ထောင်ကျော် ဈေးရှိသည်။
၂၀၀၈ ခုနှစ်တွင် တာတာမော် တော်ကား ကုမ္ပဏီ ၏ အရောင်းကျဆင်း သွားခဲ့သဖြင့် ကုမ္ပဏီ၏
ဘဏ္ဌာရေး ထိခိုက်ရသည် ဟု ဒေလီ ထုတ် သတင်းစာ တစ်စောင် တွင် ဖေါ်ပြထားသည်။