တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ့ အစည်းနှစ်ခု၏ လက်ချက်ဟု စစ်အစိုးရသတင်းစာများတွင်ဖေါ်ပြ
၂၉ မတ် ရန်ကုန်၊             ၊မြန်မာ့အလင်းသတင်း
မတ်လ ၂၆ ရက် ညနေ က ရန်ကုန်မြို့ မြောက်ဥက္ကလာ တည်းခိုခန်းတစ် ခုတွင် ဗုံးပေါက်ကွဲခဲ့မှုသည် ပြည်ပအခြေစိုက် အဖွဲ့ အစည်းနှစ်ခု ဖြစ်သည့် မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး(ABSDF) နှင့် Whole Burma United Revolutionary Front (WBURF)တို့ ၏ လက်ချက်ဖြစ်ကြောင်း ယနေ့ ထုတ်မြန်မာ အလင်းသတင်း စာတွင် ဖေါ်ပြထားသည်။
ထိုနေ့ ကပေါက် ကွဲခဲ့ သော ဗုံးအမျိုးအစားသည် ချိန်ကိုက်ဗုံး အမျိုးအစားဖြစ်ကြောင်းနှင့် သေဆုံးသူမှာ အသက် နှစ်ဆယ် အရွယ် ခန့် ရှိပြီး ထိုဗုံး ကိုဖေါက် ခွဲရန်အတွက် တပ်ဆင်နေ စဉ် မှာပင် မတော် တဆ ဖြစ်ပြီး သေဆုံးသွားသည် ဟုဖေါ်ပြထားသည်။
သက်ဆိုင်ရာ တို့ ၏စစ်ဆေး ချက်အရ ထိုပေါက်ကွဲ မှုသည် ထိုင်း-မြန်မာ အခြေစိုက် အဖွဲ့ အစည်းနှစ်ခု ၏လက်ချက် ဖြစ်ကြောင်း နှင့် ထိုနေရာတစ် ၀ိုက် တွင် သိမ်းဆည်း ရမိသော ဒိုင်းနမိုက် ၊ဒီတိုနေတာ နှင့် ဗုံးပြုလုပ်ရန် လို အပ်သည့် ကိရိယာ များကို လည်းသိမ်းဆည်း ရမိသည် ဟုဆိုသည်။
ထို အဖွဲ့ အစည်း နှစ်ခုသည် တိုင်းပြည် တည်ငြိမ် မှု နှင့် ပြည်သူများ အေးချမ်းသာယာမှု ကို ဖျက်ဆီးရန် ထိုသို့ ကြံစည်ကြောင်း စွပ်စွဲထားသည်။
ရန်ကုန် အခြေစိုက် ဒီမိုကရေစီ ရေးတက်ကြွသူ တစ်ဦး ကမူ “ပေါက်ကွဲ မှု ပဲဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် စစ်အစိုးရက ပြည်တွင်း အတိုက် အခံကို ပဲ ဖြစ်ဖြစ် ပြည် ပ အတိုက် အခံကို ပဲ ဖြစ်ဖြစ် စွပ်ဆွဲ တာ ပြင်မရတဲ့ အကျင့် တစ်ခု ”လို ဖြစ်နေပြီဟု တုံ့ ပြန်သည်။
ဗုံးပေါက်ကွဲ မှုကြောင့် အမျိုးသမီး နှစ် ဦးဒဏ်ရာ ရရှိပြီး ဆယ်ငါး ဦးထက် မနည်း ကို ဖမ်းဆီး
ထိန်းသိမ်းထားသည်။