The Voice ဂျာနယ်တွင်ပါသော ဖေါ်ပြထားသော ဆရာကျော်ဝင်း ၏ စာဖတ်သူများသို့ တရားဝင်ပြန်ကြားချက်

၂၉ မတ် ရန်ကုန်၊      ၊ဟိန်းခိုင်ထွန်း

The Voice ဂျာနယ်တွင်ဖေါ်ပြထားသော ဆရာကျော်ဝင်း၏ အသိပေးချက်
The Voice ဂျာနယ်တွင်ဖေါ်ပြထားသော ဆရာကျော်ဝင်း၏ အသိပေးချက်

“မြန်မာ နိုင်ငံရေးအတွက် အရေးကြီးသော အချက်များ ”ဟုခေါင်းစဉ် တပ်ထားပြီး Freedom News Group တွင် စတင် ဖေါ်ပြခဲ့ပြီး အခြား ဘလောက် ၊၀ဘ်ဆိုတ်၊ ဖိုရမ်၊ ကွန်မြူနတီ ၊ မေးလ် ဂရု များတွင် ဖေါ်ပြခဲ့သော အမြင် သဘောထားများနှင့် ပတ်သက်၍ှယခု တစ်ပတ် ထုတ် The Voice ဂျာနယ်တွင် ဆရာကျော်ဝင်း က ငြင်းချက် ထုတ်လိုက်သည်။

The Voice ဂျာနယ်တွင်ဖေါ်ပြထားချက်အရမူ ဆရာ ကျော်ဝင်း က ကျော်ဝင်းနာမည် တပ်ထားသောထို စာများကို မရေးရုံမျှ မက ဖတ်ပင် မကြည့် ရသေးဟုဆိုသည်။