၃၁ မတ် စစ်ကိုင်း၊ ၊ဟိန်းခိုင်ထွန်း

၂၀၀၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ကမှ ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်ပင် မပြည့်သေးသည့် မန္တလေး စစ်ကိုင်းမြစ်ကူးတံတား ရတနာပုံ ၏ ရေလည် တိုင် တစ်ခုမှာ ရေအောက် သို့ အနည်းငယ် နိမ့်ဆင်းဝင်မှု ဖြစ်ပေါ်နေပြီး တံတား ခန်းဖွဲ့ တစ်ခုနှစ် တစ်ခု ဆက်သည့် အားဖြည့် သံပေါင်များမှာ အနည်းငယ်လွဲ သွားသည် ဟု သတင်းရရှိသည်။
လေတိုက် မှုနှုန်း၊မြေအောက် ပြတ်ရွေ့များနှင့် တံတား၏ ခံနိုင်ရည်ဝန်အားတို့ ကြောင့်ထိုသို့ ဖြစ်ပေါ်ခြင်းဖြစ်ပြီး ရေလည်တိုင်မြေအောက်သို့ နိမ့်ဆင်းမှုသည် ဖေဖေါ်ဝါရီလကတည်းက စတင်ဖြစ်ပေါ်နေသည် ဟုသိရသည်။ထိုသို့ နိမ့်ဆင်းမှုသည် လတ်တလော တွင်ဆိုးဆိုး ရွားရွား
မဖြစ်သေးသော် လည်း ပြုပြင်မှုနောက်ကျပါက တံတားကြိုးကျ သွားသည် ထိဖြစ်ပေါ်နိုင်သော်လည်း တံတားကို ပိတ်ထားခြင်းမရှိ ဘဲဖြတ်သန်းသွားလာနိုင်သည်။
မန္တလေး ဆောက်လုပ်ရေး မှ အင်ဂျင်နီယာမှုးကြီးအပြင် စစ်အင်ဂျင်နီယာတပ်မှ တိုးတိုး
တိတ်တိတ်လာရောက်၍ မတ်လ ၂၆ ရက် နေ့ မှ စကာရတနာပုံတံတားသစ် ကိုပြန်လည်
စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သော်လည်း ပြည်သူများကို မူ လုံးဝ အသိပေးမှုမပြုသေးချေ။
မတ်လ ၂၉ ရက်နေ့ က တံတားပြင်ဆင်ရာသို့  မန္တလေးတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ် တင်ငွေ နှင့် အတူ နေပြည်တော် မှ ဗိုလ်မှုးချုပ်တစ်ဦးပါဝင်
သည်ဆို သည့် အထူးအဖွဲ့ ရောက်လာကာမှ ပင် မန္တလေးသား အချို့ လည်း တံတားကြီး အခြေအနေ ကိုသိရသည် ဟုဆိုသည်။
တံတားကြီး၏ ခွင့်ပြုတန်ချိန်မှာ တန် ၆၀ အထိသာ ဖြစ်သော်လည်း မြန်မာ-အိန္ဒိယ နယ်စပ် ဖက်သို့ စစ်လက် နက်ကြီး(အမြှောက်)များကို ကားဖြင့် ဖြတ်၍ တင်ပို့ မှုများကြောင့် လည်း တံတားကြီးမှာ ထိုသို့ ဖြစ်ရသည် ဟု တံတားအနီး နေသူတစ်ဦး ကFreedom News Group သို့ ပြောသည်။
ရတနာပုံ တံတားသစ်ကြီးမှာ မူလ စစ်ကိုင်းတံတား သစ်ကြီး၏ မြောက်ဘက် တွင်ရှိပြီး ၂၀၀၂ ခုနှစ်တံတားကြီးကို စတင်တည်ဆောက်စဉ် အချိန် က ထိုနေရာမှာ လေတိုက် နှုန်းပြင်းထန်၍
မဆောက်သင့် ဟု ကျွမ်းကျင်သူ များက အကြံပြုခဲ့သော် လည်း စစ်ခေါင်းဆောင်များက ပယ်ချ
ခဲ့သည် ။တံတား တည်ဆောက်စဉ်အချိန်က အင်ဂျင်နီယာ တစ်ဦးအပါ အ၀င် အလုပ်သမား ၂၀
ကျော် အသက်ဆုံးရှုံးခဲ့သည်။
