Freedom News Group သည်၂၀၀၉ခုနှစ်ဆန်းမှစ၍တစ်လအတွင်းထူးခြားမှုအရှိဆုံးသော
သတင်းတစ်ပုဒ်အားလစဉ်ဖေါ်ပြပေးခဲ့ပြီးဖြစ် ပါသည်။ထိုသို့ ဖေါ်ပြရာတွင်နိုင်ငံရေး သတင်းများသာမက မည်သည့်နယ်ပယ်မှသတင်းမဆိုအတွေးပွားစရာနှင့် ဆွေးနွေးစရာ ရှုထောင့်အမြင်ကွဲပျားခြားနားစရာများဖြစ်က ရွေးချယ်၍ဖေါ်ပြပေးသွားခဲ့ပြီးဖြစ် သလို ပြည်သူတို့ 
၏ ဘ၀ နှင့်ဆက် စပ်နေသော သတင်းများကို လည်း ရွေးချယ်ဖေါ်ပြမည် ဖြစ်ပါသည်။
ထိုသို့ ဖေါ်ပြရာတွင်အဆိုပါသတင်းသည်ပရိသတ်စိတိဝင်စားမှုအရှိဆုံး
သတင်းဖြစ်ရမည့်ပြင်အများပြည်သူကြားထဲနှိုက်အလှုပ်ခတ်ဆုံးသတင်းဖြစ်ရမည်ဆိုသော
မူကိုအခြေခံ၍ရွေးချယ်ခြင်းဖြစ်ပါသည်။
ယခုလအတွက် NEWS OF THE MONTH အဖြစ် မြန်မာပြည်တွင်းအပတ်စဉ် ထုတ်ဝေသောTheVoice ဂျာနယ်မှ သတင်းအင်တာဗျူး တစ်ပုဒ်ဖြစ်သည့် “အရီးတောင်းလက် ဖက်ကဆေးဆိုးမှ ရောင်းရတာ မဟုတ်ပါဘူးဆို သည့် သတင်း”ကို ရွေးချယ်လိုက် ပါသည်။

လက်ဖက် ဂယက် နှင့် ပတ်သက် ၍ အမျိုးမျိုး အထွေထွေပြော ကြသော် လည်း နောက်ဆုံးတွင်
နိုင်ငံခြားဝင် ငွေ ပါ ထိခိုက် လာရပြီဖြစ်သည်။အချို့ ကလည်း ၂၀၁၀ ရွေးကောက်ပွဲ တွင်ရှမ်းတောင်တန်း မှ ပါဝင်လာစေ ရန်စစ်အုပ် စု မှ အကြို သတိပေး မှု တစ်ခုဟု သုံးသပ်သူ များလည်းရှိသည် ။
မည်သို့ ပင်ဖြစ် ပစေ ထို လက်ဖက် ဂယက် မှာ အိမ်နီးနား ချင်းနိုင်ငံများသို့ ပါရိုက် ခတ်ပြီး တိုင်းတစ်ပါးနိုင်ငံ များတွင် မြန်မာ လက်ဖက် မှာ ဆေးခြောက်၊ ဘိန်းဖြူရောင်း သကဲ့သို့ ခိုးဝှက် ၍ရောင်းချနေ ရ သည် မြန်မာ စစ်အစိုးရ ၏ အမြော်အမြင် နည်းမှုများမှ ရလာဒ် တစ်ခု ဖြစ်ပါသည်။
ဆေးဆိုးသည့် လက်ဖက်များတားမြစ် သည် ဟူသည့် အချိန် မှ စ၍ ယနေ့ အချိန်ထိ ဈေးကွက် တွင်ဆုံးရှုံးနစ် နာမှုများမှာ ကျပ် သိန်း နှစ်သောင်း ကျော်ခန့် ရှိသွားပြီ ဟုဆိုသည်။
