၂ ဧပြီ ရန်ကုန်၊ ၊ယူကွန်

လူကြိုက်များနေသည့် လူငယ်သရုပ်ဆောင် သစ်တစ်ယောက် ဖြစ်သည့် စည်သူမောင် မှာ ယမန်နေ့ ကတိုက် ပေါ်မှ ခုန်ချ၍ သေဆုံးသွားသည် ဆိုခြင်းသည် ကောလဟာလ သာဖြစ်ကြောင်း
သတင်းရရှိသည်။ စည်သူမောင် ကွယ်လွန်သွားသည် ဆိုသည့် သတင်းကြောင့် အနုပညာ အသိုင်း
အ၀ိုင်းနှင့် သူ၏ ပရိသတ်များ ကြားလှုပ်လှုပ်ရှားရှား ဖြစ်သွားရုံ သာမက ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် လည်း ထောင်သွင်း အကျဉ်းချခံထားရသော ကျောင်းသားခေါင်းဆောင် စည်သူ မောင် ဟု ပျံ့နှံ့ ခဲ့သည်။
သရုပ်ဆောင် စည်သူမောင် ကွယ်လွန်သည် ဆိုသည့် သတင်းကြောင့် Freedom News Group မှ စည်သူမောင်ကိုဆက်သွယ်မေးမြန်းရာတွင် “အကိုရောဆိုဒီနေ့ ကျွန်တော့် ကို လှမ်းမေးကြတာ အများကြီ်းဘဲ ကျွန်တော် ဘာမှ မဖြစ်ပါဘူး” ဟုဖြေကြားသွားခဲ့သည်။
စည်သူမောင်မှာဒါရိုက်တာ အောင်ကိုလတ်ရိုက်ကူးသည့် ကျွန်တော် ဆရာဝန်တစ်ယောက်ပါ ဟူ၍ သရုပ်ဆောင် ရသည့် ချောင်းဆိုးပျောက်ဆေးကြော်ငြာနှင့် ဒါရိုက်တာ ကြည်ဖြူသျှင်၏ ချစ်သောအရိမင်္ဒနပူရ၏မ
ဟာအောင်ပွဲ တွင် ရှင်အရဟံ အဖြစ်သရုပ်ဆောင် ရင်း လူကြိုက်များလာခဲ့သည်။ဒါရိုက်တာ အိအိခိုင် ရိုက်ကူးသော ရတနာ ဇာတ်ကားတွင်လည်း ကျော်သူ၊ ဖိုးသောကြာ၊ထွန်းအိန္ဒြာဗို၊ ပုလဲဝင်း တို့ နှင့် အတူ သရုပ်ဆောင်ခဲ့သည်။
စည်သူမောင် မကွယ်လွန် ခင်မှာ ပင် အင်တာဗျူး တစ်ခုဉ် ဇမ္ဗူတလူ ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ ဦးခင်ဌေး တို့ နှင့် ဗီဒီယိုဇာတ်ကား (၅ဝ)စာချုပ် ချုပ်ထားကြောင်း ၁၈ ကားရိုက်ကူးပြီးစီးခဲ့ သဖြင့် ကျန်ရှိ နေ သည့် ဗီဒီယို ဇာတ်ကားများ ဆက်လက်ရိုက်ကူးနေဆဲ ဖြစ်
ကြောင်း တို့ ကို ပြောခဲ့သည်။
ယခု နောက်ဆုံး ဈေးကွက် တွင် လူကြိုက် များနေသည့် ဗီဒီယို ဇာတ်ကားမှာ ဒါရိုက်တာ ဟိန်းဇော်
၏ အဆင့် အတန်း အမည်ရှိ ဇာတ်ကား ဖြစ်သည်။ ထို ကားတွင် စည်သူမောင် နှင့် အတူ မို့ မို့ မြင့်
အောင် ၊သဒ္ဒါထက် တို့ သရုပ်ဆောင် ထားကြသည်။
