၁၃၇၁ သို့ ကူးပြောင်းမည့် အတာသင်္ကြန် သွေးထွက်သံယို မှုများရှိလာ နိုင်ဟု ဗေဒင်ဂိုဏ်းတစ်ခုက သတင်းထုတ်ပြန်

၂ ဧပြီ မန္တလေး၊             ၊ဟိန်းခိုင်ထွန်း

အင်္ဂလန်ထုတ် ရာသီခွင်တွက် သည့် samehoro sftware ပရိုဂရမ် အလိုအရ ၁၃၇၁ ခုနှစ်သည် အကြီးအမှုးတို့ တွင် ကမ္ဘာ နှင့် အ၀ှမ်းအညံ့ရှိသည် ဟုဆိုသည်။

မြန်မာနှစ် ၁၃၇၀ ခုနှစ် မှ ၁၃၇၁ ခုနှစ် သို့ ကူးပြောင်းမည့် မဟာ သင်္ကြန်သည် မြန်မာနှစ် ၁၃၇၀ ပြည့်နှစ် ၊ နှောင်းတန်ခူး လပြည့်ကျော် (၇) ရက် ၊ ခရစ် နှစ် ၂၀၀၉ ခု ၊ ဧပြီလ (၁၆) ရက် ၊ ကြာသပတေးနေ့  ၊ မြန်မာစံတော်ချိန် နံနက်စက် (၇) နာရီ (၂၀) မိနစ် (၁၈) စက္ကန့်  အချိန်တွင် သင်္ကြန်တက်ပြီး ၁၃၇၁ ခုနှစ်သို့  ကူးပြောင်းမည်ဖြစ်ပြီး ထိုနေ့ အချိန်အခါ ၏ မိဿ ရာသီ ၏ဂြိုဟ်သခင် ဖြစ်သည့် အင်္ဂါ ဂြိုဟ် သည် သွာတိ နက္ခတ် နှင့် ယှဉ် နေခြင်းကြောင့် ကံကြွင်း၊ကံ
ဟောင်းတို့ အကျိုးပေးမှုကြောင့် အညံရှိသောသူ များသည် ခန္တာအိမ်ပျက်စီးခြင်းထိ ဖြစ်ကိန်းရှိ
သည် ဟု ဗေဒင် ဂိုဏ်းတစ်ခုမှ အသိပေးချက် တစ်ခု ကို Freedom News Group မှ သိရသည်။

ထို့ ပြင် အမည်မဖေါ်လိုသော ထိုဗေဒင် ဂိုဏ်း၏ အဟောအရ မြန်မာနှစ် ၁၃၇၁ နှစ်ခုနှစ် အတွင်း စစ်အစိုးရ အနေဖြင့် ရွေးကောက်ပွဲ ကို ကျင်းပမည် မှာ မဖြစ်နိုင်ကြောင်း ဂြိုလ်စီးဂြိုလ် နင်းတွင်
အကြီးအမှုး ဖြစ်သော တနင်္ဂနွေ ဂြိုလ်ကို ကိတ် နှင့် ရာဟု ဂြိုလ်တို့ ယှဉ်နေခြင်း
ကြောင့် ဖြစ်သည် ဟု ထုတ်ပြန်ထားသည်။

ထိုဂိုဏ်းမှ ဂိုဏ်းသား တစ်ဦးက လည်း “အင်းသူတို့ အညံ့ပျောက်အောင် ကပ်ဆေးတဲ့ အနေနဲ့  နှစ်ဆန်း တစ်ရက်နေ့ မှာ ရေထပ်ပက် လိမ့်မယ် ဘာဖြစ်လို့ လဲဆိုတော့ ရာဟု ဂြိုလ် ကတော်လှန်ရေးသဘောကို ဆောင်နေတာကို ”ဟုပြောသည်။

ရန်ကုန်မြို့ ခံတစ်ဦးကလည်း“ နှစ်ဆန်းတစ်ရက်နေ့ မှာ နေပြည်တော်ရုပ်ရှင်ရုံ နဲ့ သမ္မတ မှာ ကြိုးတန်း ဇာတ်ကားကို ရုံတင်မယ်ဆိုထားတာကြောင့် ဒီနှစ်တော့ နေပြည်တော် မှာ ကြိုးတန်းလမ်းလျှောက်ရပြီ ထင်တယ် ”ဟု ထင်ကြေးပေးပြောဆို မှုများရှိနေသည်။

ဆက်လက် ၍ ကိုယ့်မှာရှိသော အညံ့ကို ချေဖျက် ခြင်သူများ အရဟံ့ ဂုဏ်တော် ကိုနေ့ စဉ်ပွားများပေးပြီး ဆွံ့ အနားမကြားနှင့် ခြေလက် အင်္ဂါ ချို့ တဲ့ နေသူ များကို ကူညီထောက်ပံ့မှု
များပြုပေး ရန် ပန်ကြားထားသည်။