
လလည် လောက်မှ ထွက်လေ့ ရှိသော ဆရာကျော်ဝင်း ဦးစီးသည့်  မတ်လ ထုတ် The Waves မဂ္ဂဇင်း တွင် ဆရာ ၀င်းနောင် ရေးသားသည့် ဆောင်းပါးရှည် တစ်ပုဒ်ဖြစ်သည့် “ကားလ်မတ် ၀ိညာဉ် ကမ္ဘာ့ စီးပွားရေး ဖိုရမ် တက်ခြင်းမှာ စီးပွားရေးတွင် နှောင်ကြိုးမဲ့ခြင်း ဆိုသည့် လေဆယ်ဖယ်ယား အယူအဆ မှာ ယနေ့  ကမ္ဘာ့ စီးပွားရေးပျက် ကပ်တွင် ပြန်လည် ဆန်းစစ်ရန်လိုပြီ ဖြစ်ကြောင်း တပ်လှန့် ထားသော အယူအဆ တစ်ခု ဟုထင်မိပါသည်။(ယနေ့ အချိန် ကာလ် မတ်ကိုတိုင် ပင်သက်ရှိ ထင်ရှားရှိ ပါက ခောတ်သစ် စစ်ပွားရေး ၏ စတော့ရှယ်ယာ နှင့် အက်ဆက် များကို နားလည် နိုင်မည် မဟုတ်ချေ)။
ဆရာ ကျော်ဝင်း ၏ အာရှ ဒီမိုကရေစီ ၊ဆရာ မောင်စူးစမ်း ၏ စီးပွားပျက်ကပ် နှင့်ဆက်စပ် ပတ်သက်သမျှ ၊ဘလတ်အောင် ရွှေဥခန်းချိန် နှင့် မောင်ကိုကြီး ၏ အောက်ခြေ ဘ၀ မြင့်တင်မှ ကပ်
ဘေး သက်သာရ ဆောင်းပါးတို့ မှာ မလွတ် တမ်း ဖတ် သင့်သည့် ဆောင်းပါးများဖြစ်သည်။
ဆရာ ကျော်ဝင်းမှ ယခင်က အိုင်ဒီယာ ၊ယဉ်ကျေးမှု ၊အယူအဆ များစသည့် soft power များကို ဦးစားပေး၍ ရေးသော် လည်း ယခုနောက်ပိုင်း တွင် နိုင်ငံများ ၏ အသုံးတည့် သော ဒီမိုကရေစီ များကို အရေးများလာသည် ကိုတွေ့ ရသည်။
