ပိုက်ဆံရှိသူတွေ အာဏာရှိသူတွေ သာရေကစားနိုင်တော့ မယ့်အင်းလျှားလမ်း သင်္ကြန်မဏ္ဍပ် များ
၃ ဧပြီ ရန်ကုန်၊           ၊တင်ကျော်ကျော်စိုး
စီးပွားရေးလုပ်ငန်းရှင် မိုက်ကယ်မိုးမြင့် ၏ သားဖြစ်သူ ဆောက်လုပ်နေသည့် မဏ္ဍပ်ကို အင်းလျှားလမ်းတွင် တွေ့ ရစဉ်(ဓာတ်ပုံ-www.biweeklyeleven.com)
စီးပွားရေးလုပ်ငန်းရှင် မိုက်ကယ်မိုးမြင့် ၏ သားဖြစ်သူ ဆောက်လုပ်နေသည့် မဏ္ဍပ်ကို အင်းလျှားလမ်းတွင် တွေ့ ရစဉ်(ဓာတ်ပုံ-www.biweeklyeleven.com)
စီးပွားရေးလုပ်ငန်းရှင်များစီး ပွားကျနေ ၍ သင်္ကြန်မဏ္ဍပ် များအတွက် ယခင်နှစ်ကလို စပွန်ဆာမပေးနိုင် ၊အာဏာရ အသိုင်းအ၀ိုင်း မှ မဏ္ဍပ် များ စပွန်ဆာ လာတောင်းလျှင် မပေးမဖြစ် ပေးရ
အခြားမဏ္ဍပ်များဆောက်လုပ်ခွင့် ပါမစ်မကျသေးသော်လည်း မြန်မာပြည် ၏ နာမည်ကျော်စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၏ ဖြစ်သူ မိုက်ကယ်မိုးမြင့် ၏ သားဖြစ်သူ စည်သူမိုးမြင့်
၏ YGN အမည် ရှိမဏ္ဍပ် ကို ၎င်း၏ အဖေဖြစ်သူ ဦးစီးနေ သည့်မြန်မာ နိုင်ငံ ရွက်လှေ အသင်း ရှိရာ အင်းလျှားလမ်းတွင် တည်ဆောက်နေသည် ကို တွေ့ ရသည်။
စီးပွားရေးလုပ် ငန်းရှင် ဦးတေဇ ၏မဏ္ဍပ် ကို လည်း သူ့  အိမ်ရှိရာ တက္ကသိုလ် ရိပ်သာလမ်းထောင့် နှင့် အင်းလျှားလမ်းထောင့် တွင် တည်ဆောက် နေသည် ဟု သိရသည်။ဦးတေဇ က Air Bagan အတွက် မဏ္ဍပ် ကိုမူ ပြည်လမ်းတွင် ဆောက်နေသည် ဟု သိရသည်။ ယခင်ရန်ကုန်တိုင်း တိုင်းမှုး ဗိုလ်ချုပ်မြင့်ဆွေ ၏ သားသမီးများ မဏ္ဍပ်ကို မူ အင်းလျှားလမ်းတွင် ပင် အခြားမဏ္ဍပ် သုံးခု စာနေရာ
ကို ယူ၍ တည်ဆောက်နေ ပြီဖြစ်သည်။ ထိုမဏ္ဍပ် အတွက် လိုအပ်သောဆောက် လုပ်ရေးပစ္စည်းမျာကို စစ်ကားဖြင့်လာ ချပေးပြီး ညဘက်တွင် လည်း ကမာရွတ် ရဲစခန်းနှင့် စစ်ဒေသ မှ လုံခြုံ ရေးယူပေးရသည် ဟုသတင်းရရှိသည်။
ရန်ကုန်တိုင်း ကြိုးမဲ့ကြေးနန်း နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ မှ ဒုရဲမှုးကြီးအောင် နိုင်၏ မဏ္ဍပ် ကိုမူ ၅၀ နှင့် ၅၁ လမ်းကြား မဟာဗန္တု လလမ်းပေါ် တွင် တည်ဆောက်နေပြီး ၀န်တင်ကရိန်း ကုမ္ပဏီ တစ်ခု နှင့်
ဘန်ကောက် ဆေးရုံကြီး ရန်ကုန်ရုံးခွဲ တို့ က စပွန်ဆာ ပေးထားသည် ဟုသိရသည်။
နှစ်စဉ် နှစ်တိုင်း အင်းလျှားလမ်း တွင် မဏ္ဍပ် ဆောက် နေသည့် ကိုဖိုးသားကမူ “ဟုတ်တယ် အကို
ကျွန်တော် တို့  မဏ္ဍပ် က ပါမစ် မကျသေး လို့  စပွန်ဆာ တောင်း လို့ မရသေးဘူး ပါမစ်လက်မှတ် နဲ့ 
စပွန်ဆာ တောင်းမှ ရတာ မနှစ် က စပွန်ဆာ ပေး တဲ့ Vita Co ခေါင်းလိမ်းဆီ ကိုမေးကြည့်တော့
ဟု ”Freedom News Group သို့ ပြောသည်။