၂ ဧပြီ လပွတ္တာ မြန်မာ၊ ၊ရိုက်တာ
စစ်အစိုးရ အုပ်ချုပ်သော မြန်မာ နိုင်ငံ ရှိ ဆိုင်းကလုန်း ဒုက္ခသည် များအတွက် အမေရိကန် က ဆန်တန်ချိန် တစ်သောင်းခြောက် ထောင်ကျော်လှုဒါန်းသည် ဟု တရားဝင် သတင်းထုတ် ပြန်ချက်တစ် ခုကို ကိုးကားပြီး ရိုက်တာ သတင်းဌာန တွင် ဖေါ်ပြထားသည်။
ယခု လှုဒါန်းသော ဆန်များသည် ကုလသမဂ္ဂ ကမ္ဘာ့ စားနပ် ရိက္ခာ အစီအစဉ် မှတစ်ဆင့် လှုဒါန်းခြင်း ဖြစ်ပြီး နာဂစ်ဒုက္ခသည် များအတွက် အမေရိကန် က လှုဒါန်းမည် ဟုသတ်မှတ်ထားသော ဒေါ်လာ နှစ်ဆယ့် ရှစ်သန်း ဖိုးရှိ ကူညီထောက်ပံ့ ရေးအစီအစဉ် များထဲ
မှ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။
ယခင်နှစ် မေလက တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း နာဂစ်မုန်တိုင်းဒဏ် ကြောင့် လူတစ်သိန်းလေးသောင်း ကျော် သေဆုံး ပျောက်ဆုံးမှု ရှိခဲ့ပြီး လူနှစ်သန်းခွဲ မှာ နေထိုင်ရေးအတွက် အခက်အခဲ ဖြစ်ခဲ့ရသည်။
အမေရိကန် အစိုးရ၏ ယခုလှုဒါန်းသော ဆန်များသည် လူသုံးသိန်းခွဲ လောက်အတွက် အထောက်အပံ့ ဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် ခရစ်ကေး ကပြောသည်။
ရန်ကုန် ရှိ အမေရိကန် သံရုံးယာယီ တာဝန်ခံ လယ်ရီ ဒင်ဂျာက နာဂစ် ဒဏ်က နေ ရှင်ကျန်နေ ခဲ့သူတွေ အတွက် အမေရိကန် က ဒေါ်လာ ၇၄ သန်းလောက် ထောက်ပံ့ ပေးပြီး သွားပြီ မြန်မာပြည်သူ တွေ ဖူလုံ ၀ပြောစေ ဖို့ ဝါရှင် တန်ရဲ့ အကူအညီ တစ်ရပ် ဟု ရိုက်တာ ကိုပြောသည်။
အိုဘားမား သမ္မတ ဖြစ်ပြီးနောက် ပိုင်းတွင် မြန်မာ စစ်အစိုးရ ပေါ် ထားရှိသော မူဝါဒ များကို ပြန်လည် သုံးသပ် ရန် ဒီမိုကရေစီ နှင့် လူ့ အခွင့်အရေးများ ပိုမို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက် နိုင်မည့် လမ်းကြောင်း သစ်ကို စစ်အစိုး ရ လက်ခံ နိုင်အောင် ရှာဖွေ ရမည် ဟု
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ၏ သတင်းထုတ်ပြန် ချက်တစ်ရပ် တွင် ဖေါ်ပြထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က အမေရိကန် အကြီးတန်းအရာရှိ တစ်ဦး တစ်ဦး ဖြစ်သူ စတီဖင် ဘလိခ် မြန်မာ နိုင်ငံသို့ ရောက်ရှိပြီး နေပြည်တော် တွင်မြန်မာနိုင်ငံခြားရေး ၀န်ကြီး နှင့်တွေ့ ဆုံသွား ခဲ့သည်။
ထိုသို့ တွေ့ ဆုံ မှုသည် ၂၀၀၁ ခုနှစ် နိုဝင်ဘာလ က အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်
ကြီး မက်သယူးဒီ လေ မြန်မာနိုင်ငံခြားရေးဝန်ကြီး နှင့် တွေ့ ဆုံပြီးနောက် ပထမဆုံးအကြိမ်တွေ့ ဆုံမှု ဖြစ်သည်။
၂၀၀ရ ခုနှစ် ဇွန်လက အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး အဲရစ် ဂျွန် နှင့် အရှေ့တောင် အာရှ ဗျူရို မှ ရောဘတ် ရက်ဆွန် တို့  နှစ်ဦး မှာမြန်မာ နိုင်ငံခြားရေးဝန်ကြီး နှင့်
တရုတ် နိုင်ငံ ဘီဂျင်းတွင် တွေ့ ဆုံခဲ့ကြသည်။
ိ
